Part 21.

452 30 4
                                    

​​လေးငါးရက်​လောက်ကြာ​တော့
​မောင့်ဆီက ဖုန်းဆက်လာသည်
​​သူအမှန်တကယ် ​ပျော်ခဲ့ပါသည် သို့​သော် ထိုအ​ပျော်ဟာ ခဏတာသာဖြစ်ခဲ့သည်

"ဟယ်လို...​မောင်"

"ဟို​လေဗျ ဒီဖုန်းပိုင်ရှင်က​လေ ​ဆိုင်မှာမူးပြီး ​သောင်းကျန်း​နေပါတယ်ဗျ
ခု​တော့ ခဏငြိမ်ကျသွား​ပေမယ့် ထပ်ပြီး ဆိုးလာမှာ ဆိုးလို့​လေ အဲ့ဒါလာ​ခေါ်​ပေးနိုင်မလားဗျ"

"​ဟုတ်ကဲ့ ဘယ်​နေရာလဲဟင် ကျွန်​တော်လာ​ခေါ်ပါ့မယ်"

"Karo Barပါဗျ"

"ဟုတ်ကဲ့ ကျွန်​တော်ခုချက်ချင်းထွက်လာခဲ့ပါ့မယ်"

စိုးရိမ်တကြီး ထွက်လာခဲ့လိုက်သည်
​မောင်​ထိခိုက်မိမှာစိုးသည် တစ်​ယောက်​ယောက်နဲ့ရန်ဖြစ်ခဲ့ရင်ဆိုတယ့် စိတ်က လွှမ်းမိုး​နေပြီး မီးနီ​တွေကို​တောင်ဂရုမစိုက်ဘဲ ​မောင့်ဆီကိုသာ ဦးတည်​နေခဲ့သည်

"ကျွန်​တော် လာ​ခေါ်တာပါဗျ"

"ဟုတ်ကဲ့ ဒီဘက်မှာပါဗျ"

"ဟုတ် ​ကျေးဇူးပါ​နော် ကျွန်​တော်​ကပဲကိုယ်စားတောင်းပန်ပါတယ်"

"မလိုပါဘူး သူမူးရူးပြီး ​အော်ဟစ်​ပြော​​နေခဲ့တာ ခွက်​တွေပုလင်း​တွေကို ရိုက်ခွဲ​နေပုံ​ထောက်ရင် စိတ်ညစ်​နေတယ့်ပုံပါပဲ ဂရုစိုက်လိုက်ပါအုန်း"

"ဟုတ်ကဲ့ ကျွန်​တော်တို့ကိုခွင့်ပြုပါဦး"

"​ကောင်းပါပြီ"

____________

"Baby...."

​မောင့်အား ကုတင်​ပေါ်ချ​ပေးပြီး ​စောင်ခြုံ​ပေး​နေတုန်း ​မောင့်ဆီက ထွက်​ပေါ်လာတယ့် နာမ်စားတစ်ခု...

"ကို လွမ်း​​နေခဲ့တာ"

​မောင့်က သူ့လက်အားဆွဲချကာ အနမ်း​တွေ​ပေးသည်
သူ​မောင့်အနမ်းကို အရမ်းသ​ဘောကျခဲ့​ပေမယ့် ခုလိုသူတစ်ပါးနဲ့ မှားပြီး​ပေးတယ့်အနမ်းကို​တော့ သူမုန်းတီးပါသည်

သူတွန်းထုတ်ခဲ့​ပေမယ့် ​မောင်ဟာ "Baby" ဆိုတယ့်နာမ်စားကိုသာ ထပ်တလဲလဲဆိုကာ အနမ်း​တွေကိုသာ ​ပေး​​နေခဲ့သည်

Love between US♡Where stories live. Discover now