Unicode
" အန်တီ.."
"ဪ...Yoongi သား လာလေ"
"ဟုတ် ကျွန်တော် အသီး၀ယ်လာတယ်အန်တီ"
"မလိုပါဘူးကွယ် မင်းဆရာအတွက်စိတ်ပူပေးတာနဲ့အန်တီတို့အတွက်လုံလောက်ပါပြီ"
"ရပါတယ်ဗျာ ဒါနဲ့လေ အန်တီ့ကို ကျွန်တော်မေးစရာရှိတယ်"
"မေးလေ သား"
"Jungkookနဲ့ဆရာ့ရယ့်အခြေအနေကိုအန်တီသိမယ်လို့ကျွန်တော်ထင်ပါတယ်"
"အင်း...Jiပြောပြလို့သိထားပါတယ်"
"အဲ့တာလေ အန်တီသူတို့နှစ်ယောက်ကို ဒီလိုပဲ ခွဲထားတော့မလို့လား"
"အိုကွယ်....မင်းတို့အတွက်တော့ မသိပေမယ့် အန်တီရှက်တယ်"
"အန်တီ... ဒီကိစ္စကရှက်စရာမဟုတ်ပါဘူး အန်တီ ဆရာ့ရယ့်အခြေအနေကိုမငဲ့ကြည့်တော့ဘူးလားဟင် ပြီးတော့သူတို့နှစ်ယောက်ရယ့်အချစ်"
"အန်တီ့ကို အချစ် နဲ့ပတ်သက်တာလာမပြောနဲ့ Yoongiငါမင်းကို လက်ခံပေးတိုင်း ရောင့်တက်မလာနဲ့ မင်းဒီလိုပြောနေမယ်ဆိုရင်တော့ ထွက်သွားပေးတော့"
"ရတယ်လေ အန်တီ အန်တီက ကိုယ့်သားသမီးရယ့်ဘ၀ကိုပိုဆိုးအောင်လုပ်နေတယ့် မိခင်မျိုးဆိုတာ အန်တီသိရတယ့်အခါ နောင်တမရပါစေနဲ့"
Yoongiဟာ ခြေလှမ်းကြဲကြီးများဖြင့် အခန်းထဲမှ ထွက်လာလိုက်ပြီး ဒေါသစိတ်ကိုထိန်းချုပ်ထားရသည်
Jungkookကြောင့်သာ သူဒီလိုသည်းခံပေးနေရတာ မဟုတ်ရင် ဘာတွေဆက်ဖြစ်လာမလဲမသိပေ
Yoongiရယ့်စကားကြောင့် Mrs.Kim ကုတင်ပေါ်မှာလှဲနေသည့်သားဖြစ်သူကိုကြည့်လိုက်မိသည်
အောက်ဆီဂျင်ပိုက်အကူအညီနှင့် အသက်လုရှူနေရသည့် Taehyungieလေးက ဘယ်လောက်တောင် နာကျင်ခဲ့ရမလဲ...
သူမသာအလျှော့ပေးပြီး လိုက်လျောပေးခဲ့ရင် ဒီလိုကိစ္စတွေဖြစ်လာပါ့မလား
Mrs.Kimဟာ စဥ်းစားရ ကျပ်တည်းစွာဖြင့် Taehyungရယ့်လက်ဖဝါးခပ်နွေးကိုမျက်နှာမှာအပ်ကာ ငိုချမိလိုက်ပြန်ပါသည်