episode 5

5.8K 365 1
                                    


ခင် ထောင်ကထွက်လာသည်မှာ တစ်နှစ်ပင်ပြည့်တော့မည်။ မနှစ်က ဒီလိုချိန် မိုးရာသီမှာ လွတ်လာသည် မဟုတ်ပါလား။
ဝါသနာပါသည့် သင်တန်းများတတ်ပြီး ဒီနှစ်တွေမှာ ခင် တော်တော်အလုပ်ရှုပ်နေခဲ့သည်။
ပိုင်စိုးပိုင်နင်း မမမြ၏ ငွေများကို
သာ သုံးစွဲမိသည်။ သို့ပေမယ့်
ခင် အလွန်အကျွံတော့ မသုံးပါ။
ငွေ၏တန်ဖိုးကို ခင်နားလည်သောကြောင့် ချွေတာတတ်သည်။

မမမြ လွှတ်လာတော့မည် ဆိုသောကြောင့်လည်း ပိုလောရသည်။
ခင် အလုပ်ဝင်လုပ်ရတော့မည်လေ။
မမမြနှင့်အတူ အလုပ်ဝင်ရတော့မည်။ ခင်အဆင်သင့်ပင် မဖြစ်သေး။

သေချာသည်က ခင်သည် အင်္ဂလိပ်လို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်နေလေပြီ။မြန်မာဆန်ဆန် ဝမ်းဆက်များလည်း ချုပ်တတ်နေပြီ။ ကိုယ်တိုင် ဒီဇိုင်းထွင်ပြီး ချုပ်ထားသည်မှာလည်း မနည်း။
မိမိကိုယ်ကိုလည်း လှပအောင် ပြင်တတ်ဆင်တတ်နေလေပြီ။
အမှန်အတိုင်း ဝန်ခံရမည်ဆိုလျင် ခင် ဤအလုပ်မျိုးမလုပ်ချင်။
သို့သော် ခင်သည်တစ်ကောင်ကြွက်
တွယ်တာစရာမရှိသော အမျိုးသမီးဖြစ်သောကြောင့် တစ်ယောက်တည်း
အသက်ရှင်နေထိုင်ရသည်မှာ ပျင်းစရာကောင်းလှသည် မဟုတ်ပါလား။
မြပြောသည့် VIP ပြည့်တန်ဆာ ဆိုသော အလုပ်ကို ငွေမက်သည်ထက် ပျော်စရာကောင်းမည်ထင်သောကြောင့် လုပ်ချင်ခဲ့သည်။
လူချမ်းသာအသိုင်းအဝိုင်းထဲမှာ
ခင် ကျင်လည်ဖူးချင်သည်။

"ညီမလေးရေ ဘာစာအုပ်တွေ အသစ်ထွက်သေးလဲ "

"အစုံပါပဲ... ကိုယ်တိုင်သာ ဝင်ရွေးလိုက်ပါတော့..." ဒါနဲ့ အစ်မ မလာတာတောင်တစ်လလောက်ရှိပြီနော်"

"ဟုတ်ပါ့ရှင်...အလုပ်တွေများနေလို့"

"ဟုတ်ကဲ့...အများကြီး အားပေးပါအုံးနော်"

"သဘောကျသလောက်ပေါ့"
"ဆရာမခင်ခင်ထူးစာအုပ်အသစ်ထွက်သေးလား ညီမလေး"

"မထွက်သေးဘူးရှင့်"

ခင် စာအုပ်ရွေးလျင် ကြာသည်။ စာအုပ်ဆိုင်တစ်ကြိမ်ဝင်လျင် တစ်နာရီလောက်ကြာတတ်သည်။
ဆိုင်မှ ဝန်ထမ်းများသည်ပင် ခင့်ကိုမှတ်မိနေလေပြီ။ စာအုပ်ဆိုင်မှာ "စာပေလောက"ဖြစ်ပြီး များစွာသော
စာအုပ်စင်အတန်းများကြားတွင် မက်တပ်ရပ်ကာ စာအုပ်ရွေးနေတတ်သည်။ တစ်ခါတစ်လေ ဝန်ထမ်းမလေးများသည် ခုံပင်လာချပေးကြပြီး "အစ်မ ရေသောက်ဦးမလား "ဟုပင် မေးတတ်ကြသည်။

မူပိုင် ပြည့်တန်ဆာ...။(Completed)Where stories live. Discover now