episode 38

5.6K 290 16
                                    

""နှင်း... နောက်ကျမှာလား""

"ခဏပါပဲရှင်...တို့မိန်းမနဲ့ ကြာကြာမခွဲနိုင်ပါဘူး"

"နောက်ကျမယ်ဆိုလည်း ဖုန်းကြိုဆက်"

"ဟုတ်ကဲ့ပါရှင့်"
"သွားပြီ"

နှင်းဒီနေ့ အဝတ်အစားအပြောင်း အလဲ ဝတ်ထားသည်။ အတိုအပြတ်ဝတ်တာ မိန်းမ မကြိုက်သောကြောင့်အပေါ်ပိုင်းက လက်ပြတ်ချက်ပေါ်ဝတ်ပြီး လက်ရှည်အနက်ရောင်ထပ်ထားကာ cargo pants ဝတ်ထားသည်။တစ်ကိုယ်လုံးအနက်ရောင်သာ ဝတ်ဆင်ထားသဖြင့် ဖြူဖြူဖွေးဖွေးအသားအရည်နှင့် လိုက်ဖက်နေပြန်သည်။ 

နှင်း သဘောကျလို့ဝတ်တာမဟုတ်ပေမယ့် ခင်သဘောကျသောကြောင့် ခင့် သဘောလိုက်ရခြင်းဖြစ်သည်။

သူမကိုယ်တိုင် မြတ်နိုးစွာတည်ထောင်ထားသည့်အိမ်ထောင် ရေးကို ဘာ
အကြောင်းကြောင့်နှင့်မှ အပြိုကွဲမခံနိုင်ပေ။ ခင့် စကားတိုင်းကို တန်ဖိုးထားရမည်လေ။ ခင်နှင့် နားလည်မှုရှိသောအိမ်ထောင် ရေးမျိုးကိုသာ နှင်း လိုလားသည်။အဝတ်အစားနှင့်​အစားအသောက်ကအစ တစ်ယောက်နှင့်တစ်ယောက် သဘောထားချင်းတိုက်ဆိုင်မှ ရေရှည် လက်တွဲဖို့ အဆင်
ပြေမည်မဟုတ်လား။ တော်သေးသည် ခင် ဒီမူးယဇ်ဆေးနှင့်ပတ်သတ်၍ ဘာမှပြောမလာသောကြောင့်။ နှင်းအတွက် အခုချိန်မူးယဇ်ဆေးဖြတ်ဖို့ သိပ်ခက်ခဲနေပြီလေ။ နှင်း စိတ်မပြတ်သားနိုင်သေးပါ။ ခင်က ဖြတ်ဖို့ပြောလာလျင် မည်သို့ရင်ဆိုင်ရမည်နည်း။ နှင်း မျက်နှာပူသည်။

""ဘယ်မှာလဲ""

နှင်းဆေးလိပ်ဖွာကာ လက်ထဲတွင်လည်း သေနတ်ကိုင်ထားပြီး အဆောက်အဦးထဲဝင်သွားသည်။

""ငါ ခေါ်ခိုင်းထားတဲ့ လူတွေကော""

""ရောက်နေကြပါပြီ မမကြီး""

""အင်း...ကောင်းတယ်""
"လုပ်ငန်းစခိုင်းလိုက်တော့"

"ဟုတ်ကဲ့ခဗျ"
"ဟေ့ကောင်တွေ စလို့ရပြီ"
"အလုပ်သေချာလုပ်ကြ"

""အထဲမှာ ပစ္စည်းအစုံချထားပေးတယ်ဟုတ်"

"ဟုတ်ကဲ့"....ဒီကောင်တွေက အကြမ်းစားတွေ...ဆေးဝင်သွားရင် အိုကေသွားလိမ့်မယ်"

မူပိုင် ပြည့်တန်ဆာ...။(Completed)Donde viven las historias. Descúbrelo ahora