episode 14🔞

13K 303 2
                                    


"ဟယ်လို" သားလေး" နေကောင်းလား "

မြ သားဖြစ်သူနှင့် စကားပြောရင်း
မျက်ရည်တွေပင် ကျလျက်။

ဦးမင်းနိုင်သည် ယုတ်မာရက်စက်သော လူတစ်ယောက်ဖြစ်သည်။
မြ ပထမဆုံး ဒီလုပ်ငန်းစလုပ်တော့
ဦးမင်းနိုင်၏ အနှစ်သက်ဆုံး အပျော်မယ်ဖြစ်ခဲ့သည်။
ပေါ့ဆမှုကြောင့် ကိုယ်ဝန်ရသွားခဲ့
သည့် မြကို ဦးမင်းနိုင် လူမဆန်စွာ
ဖျက်ချခိုင်းခဲ့သည်လေ။
မြ ကလေးမွေးရန် အတင်းတောင်း
ပန်တော့ အပေးအယူတစ်ခု လုပ်ခဲ့
ရသည်။
မူးယဇ်ဆေးရောင်းဝယ်သည့် ဦးမင်း
နိုင်သည် မြ ကို ကိုယ်ဝန်နှင့် ဆေးများ အပေးအယူ လုပ်ခိုင်းခဲ့သည်လေ။ ကိုယ်ဝန်သည် ဖြစ်တာကြောင့်
ရဲများ သတိမထားနိုင်ဟု ဆိုသည်။
ထိုသို့ အပေးအယူ လုပ်ပြီး သားကို
မွေးခဲ့ရသည်။
မိမိသွေးသားကိုပင် ဦးမင်းနိုင်သည်
စေတနာမေတ္တာသံယောဇဥ်မထားနိုင်။
မြ ထောင်ကျသည်မှာလည်း သားနှင့်
အပေးအယူ လုပ်ခဲ့ရသည်ကြောင့် ဖြစ်သည်။
တစ်ကယ်တမ်း ထောင်နန်းစံရမည့်
သူမှာ ဦးမင်းနိုင် မဟုတ်လား။

"စကားပြောလို့ မပြီးနိုင်ကြသေးဘူးလား" ကဲ ကဲလွန်းတယ်"

"သား ကျန်းမာရေးဂရုစိုက်နော်" မေမေသားကို ချစ်တယ် သိလား"
"ဒါပဲနော်"

"ရှင်တော်တော် နှလုံးသား မရှိတာပဲနော်" လူမှ ဟုတ်ရဲ့လား"

"baby ရယ် ကိုယ်က လူမို့လို့ စကား​ပြောနေတာပေါ့" လာ.. သွားကြမယ်"

__________
The rose ခါတိုင်းလိုပဲ ကစားနေကျ
ပျော်နေကျ အပျော်ကောင်လေးများနှင့် အခန်းထဲတွင် သောက်စားမူးရူးပြီးလူမှန်းသူမှန်းမသိ ပျော်ပါးနေလေသည်။
ကောင်လေးတစ်ယောက်က ဆေးကိုစတင် ​ထိုးသွင်းပေးလိုက်သည်နှင့်မိနစ်အနည်းငယ်ခန့်ကြာသော် rose စိတ်များ မငြိမ်မသက် ကြွလာသည်။
သုံးနေကျ စိတ်ကြွဆေး တစ်မျိုးကို
စတင်သုံးစွဲလိုက်ခြင်းဖြစ်သည်။စိတ်ကြွဆေးမှာ Rose၏ ပျော်ပါးခြင်း အထွဋ်အထိပ်ကို ပေးစွမ်းသည်။

The roseစိတ်ရှုပ်လာသည်နှင့် အဝတ်အစားများ ဆွဲချွတ်ပြီး
ဗလတောင့်တောင့် ကောင်လေးတစ်ယောက်ကို စတင် နမ်းတော့သည်။
ဆေးဖြင့်ပျိုင်းနေပြီဖြစ်သော ထိုကောင်လေးသည် မျက်လုံးပင် မဖွင့်နိုင်တော့..။

မူပိုင် ပြည့်တန်ဆာ...။(Completed)Where stories live. Discover now