episode 8

5.6K 240 3
                                    


"woww !! lady rose"!!!

လူတစ်ယောက် အော်လိုက်သံကြောင့် ခင် လှည့်ကြည့်မိလိုက်တော့ အပေါ်ပိုင်းဗလာနှင့် အရွယ်ကောင်း ဗလတောင့်တောင့် ကောင်လေး ၁၀ယောက်ခန့်ရှိမည်။ Luggage နှစ်လုံးဆွဲပြီး တစ်နေရာစီသို့ ဦးတည်သွားနေကြသည်။အပျော်မယ်လိုမျိုး အပျော်မောင်များ ဖြစ်ဟန်တူသည်။

"devil evil girl" လတ်လတ်ဆက်ဆက်ကောင်လေးတွေကို စားနေတုန်းပဲလား "

"ဘယ်သူလဲ မမမြ"

"ယောကျားစား ဘီလူးမကြီးလေ" ရုပ်ရည်နဲ့ အရွယ်နဲ့ မလိုက်အောင် ထန်တဲ့ အမျိုးသမီး""
"နုနုထွဋ်ထွဋ်ယောက်ျားတွေကိုပဲ
စားတဲ့ မိန်းမပေါ့"
"သူနဲ့ တွေ့ရင်သတိထား ခင်" သူက မိန်းမတွေအတွက် အဆိပ်ပြင်းတယ်"

"နာမည်က...."

"The rose တဲ့"မြနဲ့ ရွယ်တူပဲ"

ခင် စိတ်တော့ဝင်စားမိသည်မှာ
အမှန်ပင်။ ဘယ်လို အမျိုးသမီး
ကများ ဒီလိုကောင်လေးတွေနဲ့..။ခင် နားပင်မလည်နိုင်အောင် အံ့သြရသည်။ ယောကျားလေးသာ
ဖာချသည်ဟု ကြားဖူးသည်လေ၊
အမျိုးသမီးက အမျိုးသားကို
ဖာချသည်ဆိုသည့် အလေ့အထ
မျိုးက မရှိသလောက်ရှားသည်ပဲမလား၊ ခင်ပဲ အသိပညာနည်းပါးသည်လား မတွေးတတ်တော့။

အဆိပ်ပြင်းသော လူများကို ခင် ပိုကြိုက်သည်။ ခင် လူပင်သတ်ဖူးခဲ့သည် မဟုတ်ပါလား။ ထိုကြောင့်မြပြောသည့် ထိုအမျိုးသမီးကို ခင်မကြောက်ပါ။ မည်သို့​သော လူမျိုးကိုမဆို ခင်ကြောက်မည်မထင်။

"အော် ခင်"မြသေးပေါက်ချင်လို့
Toiletလိုက်အုံးမလား"

"ဟင့်အင်း" ဒီမှာပဲစောင့်မယ်လေ"

"အဲဒါဆိုရင် အခန်းနံပါတ် ၁၀၁မှာ စောင့်နေပါလား" ဒီဖက်လမ်း တည့်တည့်သာ လျှောက်သွားလိုက်..."

"အင်း.. မြန်မြန်ပြန်လာနော် မြ"

"Okပါရှင့်"

ခင် အခန်းနံပါတ် ၁၀၁ ကို ရှာရန် မြညွန်ပြသည့် လျှောက်လမ်းအတိုင်း လျှောက်ခဲ့သည်။ အခန်း နံပါတ်တစ်ခုချင်းစီ လိုက်ဖတ်နေရင်း ရှာနေသောအခန်း တွေ့လေပြီ...။

"ဟော...တွေ့ပြီကွယ်" ၁၀၁"

ခင်ပြောရင်း တံခါးကို ဖွင့်လိုက်တော့မြင်နေရသည့် မြင်ကွင်းတစ်ခုကို ခင် မြင်တွေ့လိုက်တော့
အံ့သြတုန်လှုပ်သွားသည်။

မူပိုင် ပြည့်တန်ဆာ...။(Completed)Where stories live. Discover now