episode 20

5.9K 236 4
                                    

ခင့်ကိုယ်ဝန် ၄လ ရှိပြီ။ ယနေ့မှ ခင်ပို၍ ပျော်သည်။ အက်ထရာဆောင်း ရိုက်ခဲ့သည်မှာ မိန်းခလေးတဲ့။ ခြေလက်အင်္ဂါစုံစုံလင်လင်နှင့် ကျန်းကျန်းမာမာရှိသည်ဟူသောကြောင့် ခင်ပီတိဖြာရသည်။
သို့ပေမယ့် ခင့်အပျော်သည် ကြာကြာမခံ။ ထိုနေ့က မောင်ရောက်လာသည်။ အပေါင်းအပါများလည်း ပါလာသည်။ လေးယောက်ခန့်ပါသည့်ထဲမှာ နိုင်လူဆိုသော သူသည်
ခင့်ကို မဖွယ်မရာ မျက်လုံးနှင့်စကြည့်သည်။

"ခင်" မောင်ပြန်လာပြီ"
"သူတို့တွေက မောင့်ဧည့်သည်တွေ"
"ခင် ကောင်းကောင်း ဂရုစိုက်ပေးလိုက်"

"ဟျောင့် မင်းမိန်းမက အချောလေးပဲ" လူရွေးတော်သားကွာ....ခစ်..ခစ်..ခစ်"

"ခင် "
"မောင် ဧည့်သည်တွေကို ဧည့်ခံဖို့
တစ်ခုခု သွားဝယ်လိုက်အုံးမယ်"

ခင့် မေမေသည် စျေးရောင်းသွားနေသည်။ အိမ်တွင် မောင်နှင့် မောင့်မိတ်ဆွေတစ်အုပ် အရက်သောက်ကာ ပျော်ပါးမူးရူးနေကြသည်။
မောင့် မိတ်ဆွေတစ်အုပ်က ခင့်ကိုဝါးစားတော့မည့် မျက်လုံးများနှင့်ကြည့်နေသည်မှာ ခင်မနေတတ်တော့။ ကြောက်လာပြီ ။ဒီနေ့မှ မေမေကလည်း အိမ်ပြန်ရောက်နောက်ကျနေသည်။

"ဟျောင့်" မင်းမိန်းမက ပူဖောင်းနဲ့
ရပါ့မလား""ဟားး...ဟားးးဟားးး"

"အစ်ကိုတို့ စိတ်ကြိုက်ဖြစ်စေရပါမယ်ဗျာ"
""ခင်""
"လာအုံး"
"ကိုယ့် မိတ်ဆွေတွေကို ဧည့်ဝတ်ကျေလိုက်"

"အော်...ဟုတ်..အစ်ကိုတို့ ဘာလိုအပ်သေးလဲ ပြောပါရှင့်"

"ခစ်..ခစ်..ခစ်..ခစ်..တစ်ကယ်ပြောရမှာလား ညီမလေး"
"အားမနာပဲ ပြောရမယ်ဆိုရင်လေ ညီမကို.....။

"ဟျောင့်.. နိုင်လူ မင်းကလည်း
စိတ်ထိန်းပါအုံးကွ" မိုးတောင်မချုပ်သေးဘူး" ဘယ်လိုဖြစ်နေတာလဲ..ဟား...ဟား...ခစ်..ခစ်..။

"မောင်" မောင့်လူတွေကို မောင်ပဲ ဧည့်ခံလိုက်တော့" ခင်နားတော့မယ်"
ခင် ဒေါသထွက်လာကာ ထသွားမည်လုပ်တော့...

"နေအုံးခင်"ပြန်ထိုင်စမ်း"...

ခင့်လက်ကိုဆွဲကာ မောင်သည် ခင့်ကိုပြန်ဆွဲချကာထိုင်ခိုင်းသည်။

မူပိုင် ပြည့်တန်ဆာ...။(Completed)Where stories live. Discover now