episode 52

4.8K 277 3
                                    

""ဘေဘီ""

""ရှင်"

""တို့ ပြောပြတဲ့မင်းအတိတ်ကို မှတ်မိသလိုခံစားရလား""

""ဟင့်အင်း...ကျမ ဘာမှမသိဘူး""

""ဟူးးး""ဘာဖြစ်ခဲ့တာလဲကွာ""
""ဘေဘီ ဒီကို စရောက်တုန်းက မှတ်မိတာတစ်ခုခုရှိလား...တို့ကို ပြောပြကြည့်လေ"

""ကျမ မျက်လုံးဖွင့်တဲ့အချိန် မမကိုပဲမြင်ရတယ်...ပြီးတော့ ကျမက ဒီမှာပဲကြီးပြင်းလာတာတဲ့""

""ကျမ ဘယ်လိုဖြစ်တည်လာလဲ...ဘယ်ကလဲ...ဘယ်မှာနေလဲ ဘာမှမသိဘူး"

""အခု ရှင်ရောက်လာမှ ကျမကိုယ့်ကိုကိုယ် အဖြေရှာချင်လာတာ""
""ကျမ အတိတ်အကြောင်းကို သိချင်လာတယ်...ပြီးတော့...ပြီးတော့...သိပ်ဆွဲဆောင်မှုကောင်းတဲ့ ရှင့်အကြောင်းကို စပ်စုချင်လာတယ်""

""ဟင်...တို့အကြောင်းချည်းပဲ ဘေဘီကိုပြောပြောပြနေတာ တစ်လရှိတော့မယ်နော်.....ထပ်သိချင်တုန်းပဲလား""

""ဒါမှမဟုတ် တို့ကို စိတ်ဝင်စားနေတာလား""

""ဟာ...မ...မဟုတ်ဘူး...ကျမက ရိုးရိုးသားသားသိချင်လို့ မေးတာပဲရှိတာ""

""အင်းပေါ့လေ...ရိုးရိုးသားသားဆိုတော့လည်း ရိုးရိုးသားသားပေါ့...နောက်မှ အဆင့်ထပ်တတ်ကြတာပေါ့"...အဟင်းဟင်း"

""ဟားးးးရှင်မဟုတ်တာလျှောက်မတွေးနဲ့...အထင်တွေဇွတ်ကြီးတာပဲနော်""

""စတာပါဘေဘီရယ်...."
""ချစ်တယ်.... သိလား""

""ကျမက မိန်းမကောင်းမဟုတ်ဘူး...အပျက်မ ဖြစ်နေပြီ""
""တစ်စုံတစ်ယောက်ဆီက အချစ်ခံဖို့ ထိုက်တန်တဲ့လူလည်း မဟုတ်လောက်ဘူးလို့ ကျမထင်တယ်""

""အတိတ်မှာ ကျမနဲ့ရှင် ဘယ်လိုပဲပတ်သတ်ခဲ့ ပတ်သတ်ခဲ့ အခုကျမအခြေအနေက အရင်ကနဲ့ မတူပဲပြောင်းလဲသွားတာကိုတော့ ရှင်အသိဆုံးဖြစ်မှာပါ""

""ဘာပဲဖြစ်ဖြစ် တို့မင်းကို ချစ်တဲ့အချစ်က ရိုးရိုးသားသားပါပဲ...မင်းဘာပဲဖြစ်နေဖြစ်နေ မင်းဖြစ်နေလို့ကို တို့ကချစ်မှာ"....

""အရင်ကချစ်ခဲ့သလိုပဲ အခုလည်းချစ်မယ်....နောင်လည်းချစ်မယ်...အမြဲတမ်း ဆက်ချစ်နေမှာ""ရယူခွင့်မရရင်တောင် ပေးဆပ်ခြင်းနဲ့ ဘေဘီ့ဆန္ဒအားလုံးကို ဖြည့်စည်းပေးချင်တယ်""
""တို့မင်းကို နှစ်နှစ်ကာကာချစ်ခဲ့တာကိုတော့ ယုံပါ""

မူပိုင် ပြည့်တန်ဆာ...။(Completed)Where stories live. Discover now