EP 8

407 21 0
                                    


ဘူဆန် နှင့် ဆိုးလ် ချိတ်ဆက် ဆက်သွယ်ထားသော လမ်းတစ်နေရာတွင်
ရဲကား များ ကယ်ဆယ်ရေး အဖွဲ့များနှင့် ရှုပ်ယှက်ခက်နေလေသည်

ချောက်ကမ်းပါးစွန်းအောက် ကျနေသော
အနီရောင် ပြိုင်ကားလေးမှာလည်း မီးလောင်ထားသောကြောင့် ရုပ်ပျက်ဆင်းပျက်နဲ့ပင် ဖြစ်နေလေသည်

နမ်ဂျွန် တစ်ယောက် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့လောက်အောင် ဖြစ်နေလေသည်
ထိုစဥ် ရဲအရာရှိတစ်ဦး နမ်ဂျွန် အနားသို့ ရောက်ရှိလာလေသည်

"အရာရှိကြီး အခြေအနေအရပ်ရပ်ကို ပြောပြပေးပါ "

"ကားကတော့ တွေ့တဲ့အတိုင်းပဲ ချောက်ထဲကျ မီးလောင်သွားတာမို့ ရုပ်ပျက်ဆင်းပျက်ပဲ အလောင်းကတော့ အခုချိန်ထိတော့ ရှာမရသေးဘူး "

"အခုကိစ္စတွေကို သုံးသပ်ကြည့်ရင်ရော
အသက်ရှင်နိုင်နှုန်းက ဘယ်လောက် % နှုန်း
ရှိနိုင်ပါသလဲ အရာရှိကြီး "

"အားမနာတမ်း ပြောရရင်တော့ အသက်ရှင်နိုင်ဖို့ဆိုတာကတော့ သိပ်မသေချာနိုင်တော့ပါဘူး ဒါပေမဲ့ ကျွန်တော်တို့ ကြိုးစားရှာဖွေ ပေးပါ့မယ် "

"အရာရှိကြီး အခုဒီကိစ္စတွေ အားလုံးကို ဘယ်မီဒီယာ ကိုမှမသိစေချင်သလို
ဘယ်သူ့ကိုမှလဲ မပြောစေချင်ဘူး
အားလုံး တိတ်တိတ်ဆိတ်ဆိတ်ပဲ ပြီးသွားစေချင်တယ်"

" ဟုတ်ကဲ့ ကျွန်တော် အထက်ကညွှန်ကြားချက်ရပြီးပါပြီ အမှု့မှန် ပေါ်ဖို့အတွက်လည်း တိုက်သွားတဲ့ ကားကိုခြေရာခံဖို့ လျှို့ဝှက်ထောက်လှမ်းရေးတွေ လွှတ်ထားပြီးပါပြီ "

နမ်ဂျွန် သိချင်တာနဲ့ လိုအပ်သည်များကို ရဲအရာရှိနဲ့ ပြောခဲ့ပြီး အနီး ပတ်ဝန်းကျင်ကို
လိုက်လံလေ့လာနေမိပါသည်
စိတ်ထဲမှာလည်း အလောင်းရှာမတွေ့သေးဘူး
ဆိုတဲ့အချက်က သူရဲ့ နောက်ဆုံးမျှော့်လင့်ချက်တွေပဲ ဖြစ်ကောင်း ဖြစ်ပါလိမ့်မည်

" မင်း ဘယ်တွေများ ရောက်နေတာလဲ
ဂျောင်ဂု . . . .ဒါမှမဟုတ် တကယ်ပဲ. . ."

တီ......တီ......တီ.....

ဖုန်းသံကြောင့် သူ့အတွေးတို့ လွင့်ပျောက်သွားရသည်

နှလုံးသား နှစ်ခု၏ ဆုံမှတ်Where stories live. Discover now