EP 12

356 21 0
                                    


"ဟို့ဆော့ ရား......."

ဂျီမင် တစ်ယောက် ဟိုဆော့တို့ ကုမ္မဏီအောက်ထပ်တွင် ရောက်နေကြောင်းဖုန်းဆက်လိုက်သောကြောင့်
အပြေးတပိုင်း ဆင်းလာသူ ဟိုဆော့ကို လှမ်းတွေ့လိုက်၍ နှုတ်ဆက်လိုက်ခြင်းပင်
အံသြသောလေသံဖြင့် ဟိုဆော့တစ်ယောက် ဂျီမင်ကို ကြည့်ရင်း

"ရား ဂျီမင်းနား......ဆိုးလ်ကို
ဘယ်အချိန်ကတည်းက ရောက်နေတာလဲ.."

ဂျီမင်းတစ်ယောက် သူငယ်ချင်း ကိုပုခုံးလှမ်းဖက်လိုက်ရင်း

"အင်းပါ ..ငါရောက်နေတာ တစ်ပတ်လောက်တော့ရှိပြီ လာပါနေ့လည်စာ စားရင်း အကုန်ပြောပြပါ့မယ်... "

" ဘာ ..ဟိုကောင်လေးနဲ့ မင်း ချစ်သူတွေဖြစ်နေပြီ ဟုတ်လား...."

စားနေသော ထမင်းသီးမတတ် အလန့်တကြားလန့်အော်လိုက်သော ဟိုဆော့ ရယ်ပါ

"ရား ရား တိုးတိုးပြောပါ သူများတွေကြည့်ကုန်ပြီ.... "

မျက်လုံးပြူးနဲ့ ထအော်နေသော ဟိုဆော့ကို
ဂျီမင် သတိပေးလိုက်ရင်း ပြုံးစိစိနှင့်
ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်လေသည်

အံ့သြနေသော မျက်နှာနှင့် ဟိုဆော့တစ်ယောက်

"ဂျီမင် ငါမင်းကို သူငယ်ချင်းအရင်းကြီးတစ်ယောက်အနေနဲ့ တစ်ခုမေးမယ်နော် "

"အင်း မေးလေ.. "

"မင်း တကယ်ပဲ အဲ့ကလေးကို တကယ်ချစ်သွားတာလား...
ပြီးတော့ သူတို့ အသိုင်းအဝိုင်းကရော
မင်းတို့နှစ်ယောက်ရဲ့ ဖြစ်တည်မှု့ကို
လက်ခံနိုင်ပါ့မလား......"

ဂျီမင် ဟိုဆော့ စကားကြောင့် ခဏတော့တွေဝေသွားလေသည် ထိုနောက်

"ငါ လောလောဆယ်တော့ ဘာမှမတွေးချင်သေးဖူးကွာ နောက်မှ ဆက်ပြောရမှာပဲ... "

ထမင်းစားပြီး အချိုတည်းရန် လာချထားသော ကော်ဖီပူပူတစ်ခွက်ကို ဆက်သောက်ရင်း လမ်းမထက်သွားနေသော လူတွေဆီ အကြောင်းအရင်းမရှိ အကြည့်တွေပို့ထားမိတော့သည်

ဟိုဆော့ ကိုနှုတ်ဆက်ပြီး နေထိုင်ရာ ကွန်ဒိုသို့ ပြန်လာရာ လမ်းတစ်လျောက်တွင်လည်း
ဟိုဆော့ ပြောသော စကားတစ်ခွန်းကနားထဲ ပဲ့တင်ထပ်နေလေသည်
တစ်ကောင်ကြွက်ဖြစ်သော သူ့အတွက်က မည်သူမျှဝင်စွက်ဖက်မဲ့သူ မရှိပေမဲ့
ချစ်ရသူက ကုမ္မဏီပိုင်ရှင် သူဌေးသား အသိုင်းအဝိုင်းတောင့်တင်းပြီး
ဆွေဂုဏ်မျိုးဂုဏ် ထယ်ဝါသူတစ်ယောက်မဟုတ်ပါလား
ပြီးတော့ သူတို့နှစ်ဦး၏ ချစ်ခြင်းက
ရေရှည်ခိုင်မာနိုင်ဖို့ရာ..........
မဆုံးနိုင်သော အတွေးတွေ၏ အဆုံးတွင်
မျက်လုံးမှိတ်ချလိုက်မိပြီး လက်ရှိကိုပဲ
အာရုံ စိုက်ရန် ကိုယ့်ကိုကိုယ် သတိပေးရင်းက....
စီးလာသော Taxi ကားလေး ကွန်ဒို အဝသို့ရောက်ခဲ့လေပြီ
ကားပေါ်မှ ဆင်းရုံရှိသေး ဖုန်း ဝင်လာလေသည် ချစ်သူဆီက ဖုန်းမို့ အလိုလိုပြုံးမိသည်

နှလုံးသား နှစ်ခု၏ ဆုံမှတ်Where stories live. Discover now