EP.19

301 13 0
                                    


နမ်ဂျွန် တစ်ယောက် မနက်ခင်းအလင်းရောင်ကြောင့် နိုးလာခဲ့လေသည်

ညက သောက်ထားသောအရှိန်ကြောင့် ခေါင်းတွေကိုက်နေလေသည် မျက်လုံးတွေကိုအားယူ ဖွင့်လိုက်ရင်း သူမရင်းနှီးသော အမွှေးရနံ့တစ်ခု သူအိပ်ယာမဟုတ်မှန်းသိ
ခဲ့လေသည် အိပ်ယာမှ အတင်းထကာ ကြည့်မိမှ

"ဟင် ငါဘယ်ရောက်နေတာလဲ......."

အိပ်ယာဘေးမှ မိသားစု ဓာတ်ပုံ မြင်ကာမှ
ဒေါက်တာကင်ဆော့ဂျင်း ရဲ့ အိမ်ရောက်နေမှန်း သိလိုက်ရသည်
အားယူကာ မတ်တပ်ရပ်လိုက်ရင်း
အိမ်ပြန်ရန် ထွက်လာခဲ့လေသည်

ထိုစဥ်...

"အတွင်းရေမှူးကင် နိုးလာပြီလား......
ခြေလက်သန့်စင်လိုက်ပါ မနက်စာစားဖို့ အားလုံးပြင်ဆင်ထားပြီးပြီ..... အစာမရှိပဲ ညက အရက်တွေ အလွန်အကျွံသောက်ထားတော့ အစာအိမ်လည်း နာနေတော့မှာ....

အိပ်ခန်းအပြင်ရောက်သည်နှင့် မီးဖိုချောင်ထဲမှ ထွက်လာသော ဒေါက်တာ ဆော့ဂျင်းက
နမ်ဂျွန် အားလှမ်းပြောလိုက်ခြင်းပင်

"ဟင်......"

"အင် ....ဘာလုပ်နေတာလဲ မြန်မြန် ဟင်းတွေ ပူတုန်း လေး မြန်မြန်လို့......"

"ဟုတ်.... ဟုတ်ကဲ့......."

ရေချိုးခန်းဘက်သို့ မေ့ငေါ့ပြရင်း သူအားခြေလက်ဆေးကြောရန် အချက်ပြကာ ထမင်းစားပွဲ ပြင်နေသော ဆော့ဂျင်း ကို ငေးငိုင် ကြည့်နေသောကြောင့် လှမ်းဆူနေသူက
ဆော့ဂျင်း ပင်

ရေချိုးခန်းထဲမှ ထွက်လာလျှင် အဆင့်သင့် ဝတ်ရန် ထုတ်ပေးထားသော မွေးပွ ဆွယ်တာ အက်ျီလက်ရှည် အသားရောင်လေးနှင့် ကာကီရောင် ဘောင်းဘီရှည်လေးကို ကုတင်ပေါ် တင်ကာ ဆော့ဂျင်း အိပ်ခန်းထဲမှ ပြန်ထွက်လာခဲ့လေသည်
ထမင်းစားပွဲမှာပဲ စောင့်နေလိုက်လေသည်

မိနစ်အနည်းကြာတော့ ဆော့ဂျင်း ပြင်ဆင်ပေးထားသော ကုတင်ထက်က ဝတ်စုံလေးကို
ဝတ်ကာ အပြင်ထွက်လာသော နမ်ဂျွန် ကို ကြည့်မိလေလျှင်
အမြဲတမ်း အနောက်တိုင်းဝတ်စုံ အပြည့်နှင့် သပ်ရပ်ခန့်ညားစွာ ဝတ်တတ်လေသော
ထိုလူက ယခုကဲ့သို့ ဆွယ်တာနှင့် ဘောင်းဘီ အရောင်ဖျော့ဖျော့ တို့နှင့်ကျ တစ်မျိုးလိုက်ဖက်နေပြန်လေသည်..

နှလုံးသား နှစ်ခု၏ ဆုံမှတ်Donde viven las historias. Descúbrelo ahora