EP 9

363 27 0
                                    

ဆောင်းဦး နံနက်ခင်းလေးမှာ ကောင်းကင်ကနေဖြာကျလာသော နေခြည်နုနု တို့နဲ့ လိုက်ဖက်လွန်းစွာ
ငှက်ကလေးတွေရဲ့ အသံစာစာလေးတွေနဲ့
အစပြုခဲ့လေပြီ.....

ဂျောင်ဂု တစ်ယောက် လန့်နိုးလာခဲ့ပြီး
မျက်လုံးနှစ်လုံး ပွင့်သည်နှင့်
သူ့ရင်ခွင်ထဲ အေးချမ်းစွာ အိပ်စက်နေသော
အလှနတ်ဘုရားလေးကို မြတ်မြတ်နိုးနိုး
ငေးကြည့်မိလေသည်
အချစ်ဆိုသော အရာသည် သူ့အတွက် အဲ့လောက်ဆန်းကျယ်တဲ့ အရာမှန်း သူမသိခဲ့သည်မှာ အမှန်ပင်
ဒီလူသားလေးနဲ့ကျမှ တစ်စိမ့်စိမ့်ငေး
တစ်စိမ့်စိမ့် ချစ်နေတာမျိုးက အချစ်တဲ့လား

သူအလိုလိုကို ပြုံးနေမိတော့သည်
တစ်ညလုံး ခေါင်းအုံးလို အသုံးပြုခံထားရသော သူ့လက်မောင်းတစ်ခုလုံး ထုံကျင်နေလေပြီ
သို့သော် မလှုပ်ပဲ အနာခံကာငြိမ်နေမိသည်
သူ့အလှတရားလေးနဲ့ ဒီအတိုင်းလေး နေချင်သေးသည် မဟုတ်ပါလား
ကြည့်စမ်းပါအုံး
သူ့ရင်ခွင်တစ်ခုလုံး ရဲ့နွေးထွေးမှု့တွေကို
ပိုင်စိုးပိုင်နင်းနဲ့ မျက်နှာလေးအပ်ကာ စောင်တစ်ထည်လို ယူခြုံထားသူက
ပတ်ဂျီမင် ရယ်ပါ

ဂျောင်ဂု တစ်ယောက်ပိုင်ရှင်မသိအောင်
ခိုးယူနမ်းရှိုက်ခဲ့သော ချိုမြိန်လွန်းလှသည့် နှုတ်ခမ်းလေးကို ထပ်မံနမ်းရန် ပြင်လိုက်ချိန်တွင်

".....အင်း....."

ဂျီမင်တစ်ယောက် လူးလွန့်လာသည်ကို မြင်သည်နှင့်
ဂျောင်ဂု တစ်ယောက် အိပ်ချင်ယောင်ပြန်ဆောင်နေလိုက်လေသည်

".....ဟင်...... "

ဂျီမင် ခါတိုင်းနှင့်မတူပဲ ဒီနေ့ကျမှ နွေးထွေးနေသည်ဟုထင်ရလေသော သူ့၏ အိပ်ယာလေးမှ နိုးထရန် မျက်လုံးဖွင့်မိသည်နှင့်

သူ သူ လူတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာပဲ
အိပ်မောကျနေသော ဂျွန် ရဲ့ လက်မောင်းပေါ်တွင် သူ အိပ်ပျော်နေခဲ့တာပဲ
သာမန်ထက် ပို၍နီးကပ်လွန်းနေသော သူနှင့်
ဂျွန် ၏ မျက်နှာ နှစ်ခုမှာလည်း
တွေးရင်းနှင့် ချောမောပြေပြစ်လွန်းပြီး အပြစ်ကင်းသည့် ထိုခလေး၏ မျက်နှာလေးကို
ဂျီမင် တစ်ယောက် သတိလက်လွတ်ငေးမိနေပြန်ပြီ ရင်ခုန်သံတွေ မမှန်ချင်တော့

နှလုံးသား နှစ်ခု၏ ဆုံမှတ်Where stories live. Discover now