ဒေါက်တာကင်ဆော့ဂျင်း တစ်ယောက်...
အတွေးတွေနှင့် အိပ်မပျော်နိုင်ပေ....
သူ၏ ဘေးနားမှာ အထက်တန်းကျောင်းသား အရွယ်မှ စပြီး လှပေ့ ချောပေ့ ဆိုသော
မိန်းခလေးတွေ သူ့အနားဝဲနေခဲ့သော်လည်း
တစ်ခါမှ စိတ်ထဲ နှလုံးသား ထဲ ရောက်လာခြင်းမရှိခဲ့ပေ.... သူဖြစ်ချင်ခဲ့သော အိမ်မက်အတွက်သာ ဦးစားပေး ဆုံးဖြတ်ခဲ့တာချည်း
သူ၏ ဖခင်ကဲ့သို့ ထူးချွန်ထက်မြတ်သော ဆရာဝန် တစ်ဦးဖြစ်ချင်ခဲ့သည် မဟုတ်ပါလား.......ဆရာဝန် တစ်ယောက် ဖြစ်လာခဲ့ပြီး လတ်တလော လေးကပင် အိမ်က ကြင်ဖက်တွေ့ခိုင်းခဲ့သော အမျိုးသမီး ကိုလည်း သွားရောက်တွေ့ဆုံခဲ့သော်လည်း အလိမ္မာ နှင့် ငြင်းဆိုခဲ့လေသည်
ပြီးခဲ့တဲ့ရက်က အတွင်းရေးမှူးကင်နမ်ဂျွန်တစ်ယောက် မူးပြီး နှုတ်မှ ထွက်ကျလာသော စကားတွေတော့ ခေါင်းထဲက ထုတ်မရပဲ
တွေးရခက်နေလေသည်အတွင်းရေမှူးကင် ကို စံအိမ်၌ ဥက္ကဋ္ဌကြီး ကို
စောင့်ရှောက်ပေးနေရသော အချိန်အတော့အတွင်း မမြင်ဖူးခဲ့ပေမဲ့
ဥက္ကဋ္ဌကြီး ၏ မြေးဖြစ်သူ နှင့် နိုင်ငံခြား မှ ပြန်လာသောအခါ စောင့်ရှောက်သူ အဖြစ်နဲ့အတွင်းရေးမှူး တစ်ဦးဖြင့်သာ သိခဲ့ရလေသည်
စစသိချင်းတုန်းကတော့..... တည်တည်ကြည်ကြည် နဲ့ အရယ်အပြုံး နည်းသော်လည်း နောက်ကျမှ ဥက္ကဋ္ဌကြီး မြေးနှင့်
ဂျီမင် ကိစ္စကြောင့် ပိုမို ရင်းနှီးလာရပြီး
ပါးချိုင့်များ ခွက်အောင် ပြုံးတတ်ပြီး
နွေးထွေးသော နှလုံးသားရှိသူဖြစ်မှန်း သိခဲ့ရလေသည်......ယခုလည်း မထင်မှတ်ထားသည်က သူကို
ထိုလူသားက ချစ်နေသည်တဲ့လား.....
သူ့အနေနဲ့လည်း ယောကျာ်း လေးတစ်ယောက်၏ ချစ်သူထားဖို့ကို တစ်ခါမှတော့
မစဥ်းစားဖူးခဲ့သော်လည်း.....ပြန်စဥ်းစားတိုင်း ထိုကဲ့သို့ တည်ကြည်ခန့်ညား၍ အဆင်းရော အချင်းပါပြည့်စုံနေသော
ကင်နမ်ဂျွန် ကိုတော့ ငြင်းစရာမရှိပေ.....
ယောကျာ်း လေးချစ်သူအဖြစ် လက်ခံသင့် မခံသင့်ပဲ သူ့ကိုယ်သူသာ စဥ်းစားရပေတော့မည် မဟုတ်ပါလား......ယခုလည်း.... သူ့ကိုယ်သူ ဆန်းစစ်ရန်
နမ်ဂျွန် အနားရင်းနှီးမှု့ ထပ်ယူရန် ကြိုးစားခဲ့သော်လည်း ထုံးစံအတိုင်း လူကြီးက အေးစက်နေပြန်သည်......