မနက်စောစော အချိန်အားဖြင့် 4:30 ခန့်ဖြစ်နေလေပြီတီးတောင်..... တီးတောင်
တီးတောင်......တီးတောင်လူခေါ်ဘဲလ်သံမှာ တိုက်ခန်းတစ်ခုလုံး ဆူညံနေလေသည်
ဟိုဆော့တစ်ယောက် အိပ်ချင်မူးတူးနဲ့ ထလာပြီး"ဘယ်သူလဲ မနက်စောစောစီးစီး ဆူညံနေအောင် လာလုပ်နေတာလဲ....."
ဟုပြောပြီး အခန်းပြင် ကင်မရာဖွင့်ကြည့်လိုက်ရာဝယ်
"ဟင်.... ဂျီမင်..."
သူ့မျက်လုံးအစုံ ပြူးကျယ်သွားပြီး
တံခါးကို အလျှင်အမြန် ပြေးဖွင့်ပေးလိုက်လေသည်
ဂျီမင် တစ်ယောက် ဖြူရော်နေပြီး လဲကျမတတ်ဖြစ်နေသည့်ပုံဖြင့်"ရား..... ဂျီမင်းနားးးး.."
"ဟို့ဆော့ရားးးးး...."
မျက်နှာမှာလည်း ပြိုတော့မည့် မိုးလိုပါပဲလား
အခန်းအတွင်းသို့ အလျှင်အမြန်ခေါ်လိုက်ပြီး
ဧည့်ခန်းဆိုဖာခုံပေါ်တွင် ထိုင်စေလိုက်လေသည်
ဂျီမင် တစ်ယောက် အံကိုတင်းတင်းကြိတ်ထားသမျှ ဖြေလျော့လိုက်သည့်အလား
မျက်ရည်တွေ တွင်တွင်ကျလာလေသည်
ဟိုဆော့ မျက်လုံးများပြူးကျယ်သွားပြီး"ဂျီမင်းနားးး ... ဘာဖြစ်လာတာလဲ....
ကောင်းပြီငိုပါ.....မင်းဝအောင်သာငိုလိုက်ပါ"အမြဲတမ်း ဘယ်အချိန်မဆို သူခံစားရသမျှ
ရင့်ကျက်စွာ မြို့သိပ်ထားတတ်ကာ အပြုံးလေးနှင့်နေတတ်သော သူငယ်ချင်းဖြစ်သူ
ဂျီမင် တစ်ယောက် အခုလိုချုံးပွဲချငိုနေသည်ကိုမြင်သည်နှင့် ဘယ်လောက်ခံစားနေရမလဲ ဆိုသည်ကို ဟိုဆော့ မမေးပဲနှင့် သိလိုက်လေသည်
သူ့အနေနှင့်ရင်ထဲပေါ့သွားအောင် ပုခုံးတစ်ဖက်ငှားကာ ငိုခိုင်းလိုက်လေသည်
ဂျီမင် တစ်ကိုယ်လုံးလည်း အေးစက်နေလေသည်
အတန်ကြာမှ"ဟိုဆော့......"
"အေး ဟုတ်တယ် သူငယ်ချင်းပြော...
ငါဘာလုပ်ပေးရမလဲ.....""ငါ မင်းဆီမှာ ခဏနေလို့ရမလား....."
"သေချာတာပေါ့... ရတယ်.... ခဏမဟုတ်ဘူး
ကြိုက်သလောက်နေလို့ရတယ်.... "