Chapter -2

710 61 0
                                    

Chapter -2 ရွှေလက်ချောင်း

Ning Guang ကို မပြော နဲ့ Ning Yue လည်း ပြိုလဲတော့မည်။  ယခုပင် သူမ အန္တရာယ်နှင့် ကြုံလာရသောအခါတွင် စွမ်းအင်များ ပေါက်ကွဲထွက်နေခဲ့သည်။  ယခု သူမ လုံခြုံလာပြီ ၊ သူမ ငတ်သေတော့မည်ကို ခံစားလိုက်ရသည်။  သူမသည် ဆာလောင်မွတ်သိပ်နေခဲ့သည်။

သူမသည် အစားအစာအချို့ကို တိုက်ရိုက်ပုံဖော်နိုင်မလားဆိုတာ စမ်းကြည့်ချင်သော်လည်း Ning Guang ကိုတွေ့သောအခါတွင် သူမြင်လျှင် ရှင်းပြရခက်မည်ကို သူမစိုးရိမ်ခဲ့သည်။  Ning Guang စိတ်ချရလားဆိုတာ ဘယ်သူသိလဲ။  သူမသည် ဤနေရာတွင် ကူပြောင်းလာသောကြောင့် ပို၍သတိထားရပေမည်။

"ဖေဖေ၊ အပြင်က လူနှစ်ယောက် စီမှာ စားစရာရှိမရှိ သွားကြည့်လိုက်မယ်"  Ning Yue က ကလေးတွေကို ချလိုက်ပြီး အစာရှာဖို့ အပြင်ထွက်ခဲ့တယ်။

သူတို့နှစ်ဦးတွင် ငွေအနည်းငယ်မှလွဲ၍ ဘာပစ္စည်းမှ မရှိပါ။  Ning Yue သည် ဤနေရာတွင် ငွေကြေးအကြောင်း သေချာမသိသော်လည်း ၎င်းတို့ကို သိမ်းဆည်းထားခြင်းမှာ မမှားပေ။

ငွေကို သိမ်းဆည်းပြီးနောက် Ning Yueသည် သူမစိတ်ထဲ က "ငါ့ကို အမဲသားပေါင်မုန့် နှစ်ခုပေးပါ!"

နောက်အခိုက်အတန့်မှာတော့ သူမလက်ထဲမှာ အသားပေါင်မုန့်နှစ်ခုရှိနေတယ်။  ၎င်းတို့သည် Tupperware ကွန်တိန်နာထဲတွင်ရှိပြီး စူပါမားကတ်ကြီးများတွင် ရောင်းချသည့်ပုံစံနှင့်တူသည်။  နွေးနေတုန်းပဲ။

သူမ ဝမ်းသာ အံ့သြသွားသော်လည်း သူမ မစားခင် “ဒုတိယအဆင့် နို့ရည် ပုလင်း နှစ်ပုလင်း!” ဟု ကြွေးကြော်ခဲ့သည်။

နို့မှုန့်ကို ချက်ဖို့ ခက်လွန်းတယ်။  နို့ရည်သည်တိုက်ရိုက်သောက်နိုင်သည်။  သူမသည် ရုတ်တရက် မိခင်ဖြစ်လာသောလည်း အပျိုတစ်ဦးဖြစ်သည်။  သူမသည် ထူးဆန်းသလို ခံစားခဲ့ရသော်လည်း ထိုဆင်းရဲနွမ်းပါးသော ကလေးနှစ်ယောက်ကိုမကူညီနိုင်ပေမယ့် သူတို့ကို ပြုစုစောင့်‌ေရှာက်ချင်တယ်။

ကျေးဇူးတင်စွာဖြင့်၊ သူမ၏သူငယ်ချင်းဟောင်းတစ်ဦးသည် မိခင်တစ်ဦးဖြစ်ပြီး ကလေးထိန်းခြင်းအတွေ့အကြုံအနည်းငယ်ကို မကြာခဏ‌ေပြာပေးခဲ့သည်။

စစ်တပ်ဆရာဝန် ရှေးခေတ်က မိထွေးဖြစ်လာခြင်းWhere stories live. Discover now