Meow-1

8.4K 369 18
                                    

Zawgyi

နံနက်ဆည်းဆာနေရောင်ခြည်ရဲ့အနွေးဓာတ်က နန်းကြယ်ဖြူရဲ့ မျက်နှာပေါ်သို့ခစားနေလေပြီ... ရွှေဇွန်းကိုက် မွေးဖွားလာတဲ့ နန်းကြယ်ဖြူလေးဟာ မနေ့ကဘဲ ၁၅နှစ်ပြည့်သွားပြီ... မိဘနှစ်ပါးရဲ့ ငွေပုံပေါ် သုံးမကုန်ဖြုန်းမကုန်... သို့သော် နန်းကြယ်ဖြူတစ်ယောက်ဆိုးသွမ်းမနေပါ...

"မမလေး ထပါတော့ မမကြီးက ကျောင်းသွားဖို့ပြင်ခိုင်းနေပါပြီ..."

"နေပါဦးဟ ဘယ်နှနာရီရှိသေးလို့လဲ မသိဘူး မထချင်သေးဘူး😴..."

"ဟူး...မာမီသမီးလေးကြယ်လေးထပါတော့လေ... သမီးနာရီကြည့်ဦး မနေ့ကသမီးဖြစ်စေချင်တာ မာမီဖြည့်ဆည်းပြီးပြီနော် ထတော့ ဒယ်ဒီလာနှိုးရင် ပိုဆိုးမယ်ဆိုတာ သိတယ်နော်..."

"ဟာ မာမီရယ် ဒီနေ့မှ ကျောင်းစဖွင့်မှာလေ ပြီးတော့ ကြယ်လေးကိုနှိပ်စက်နေတာမလား ပြော☹️..."

"သနားစရာကောင်းအောင်လည်း လုပ်မနေနဲ့ နှုတ်ခမ်းကြီးလည်းဆူမနေနဲ့... သမီးကအတန်းကြီးနေပြီလေ ပြီးတော့ ဆယ်တန်းပြီးတာနဲ့ သမီးဖြစ်ချင်တာအကုန်မာမီဖြည့်ဆည်းပေးဖို့ ကတိပေးပြီးသားလေ..."
(မြန်မာတစ်နိုင်ငံလုံးမိဘတွေရဲ့ ဂျင်း🤧)

"ဘာလို့အဆောင်မနေခိုင်းတာလား မာမီ..."

"သမီးကအသန့်ကြိုက်တတ်တာလည်း လွန်ရော ဒီကြားထဲ ဇီဇာကကြောင်သေး...မဖြစ်နိုင်လို့ အဆောင်မနေခိုင်းတာပေါ့... 6လလောက်ဘဲ ကျောင်းမှာ အပင်ပန်းခံလိုက်နော်... Guideလည်းခေါ်ထားပေးတယ် သမီးလေးသာ မာမီတို့ဆန္ဒလေးလိုက်လျောပေးကြည့် ကျန်တာသမီးအတွက်ကြည့်ဘဲ😗..."

"ဟုတ်ကဲ့ပါ သခင်မကြီးအမိန့်တော်အတိုင်းပါ😗..."

"သွား သွားရေချိုးတော့ စနောက်မနေနဲ့😅..."

မနက်စာစားပွဲဝိုင်းမှာ Maidတွေလည်း တန်းစီစောင့်နေပြီ... နန်းကြယ်ဖြူလည်းမနက်စာစားဖို့ ရွေးနေတုန်း...ဘေးနားက သူမနို့ထိန်း မစုကပ်လျက်စောင့်နေရတာ ညောင်းလှပေါ့...

ဂျေးများချက်က ပြောမနေပါနဲ့တော့ ကြယ်လေးကို ယူမဲ့ယောက်ျားအစား မစုတို့ ဝန်လေးပါ့...

MeowWhere stories live. Discover now