Unicode
နေရောင် ဆိုင်ထဲဝင်လာတော့ အကုန်လုံးက ရောက်နှင့်နေပြီးဖြစ်ကာ
ဒီဇိုင်နာတစ်ချို့ကတော့ ချုပ်ရမည့် ပိတ်စအရည်အသွေးတွေကို စစ်
ဆေးနေသည်။ နေရောင် အခန်းငယ်လေးတစ်ခုဆီဝင်လာတော့ စားပွဲ
ပေါ်မှာ ငြိမ်ငြိမ်ကုပ်ကုပ်လေးထိုင်ပြီး ဒီဇိုင်းဆွဲနေတဲ့ ခန့်ဆက်ကိုမြင်
လိုက်သည်။ နေရောင် ထိုကလေးဆီသွားပြီးဆွဲနေတဲ့ဒီဇိုင်းပုံကိုကြည့်
လိုက်၏။"ဘယ်လိုDressမျိုးဆွဲတာလဲ"
ပုံကြမ်းထဲစိတ်ရောက်နေစဥ် လူဝင်လာတာမသိလိုက်တာမို့နေရောင့်
အသံကြောင့် ခန့်ဆက်တုန်သွားသည်။ ထို့နောက် မတ်တပ်ရပ်ကြည့်
နေတဲ့ နေရောင်ကိုမော့ကြည့်လိုက်ပြီး ပုံကြမ်း စာအုပ်ကိုရှေ့ချလိုက်
၍...."အပ်ထားတဲ့ပိတ်စကချင်းရိုးရာအဆင်လေးမလို့ body
illusion technique နဲ့Designဆွဲထားပါတယ်"ခန့်ဆက်ကပြောရင်း color penနဲ့ အရောင်ဆက်ခြယ်နေသည်။
ပြီးတော့ ပုံကို လက်ညှိုးထောက်ပြလိုက်ရင်း...."အရောင်ကိုတော့ ချင်းလူမျိုးတွေရဲ့အရောင်ဖြစ်တဲ့ အနက်နဲ့အနီ
ကို အဓိကထား color schemeလုပ်ထားပါတယ်"ဒီကောင်လေး ဆွဲထားတဲ့ဒီဇိုင်းကဘယ်ဆိုးလို့လဲ။ ပုံလှလှလေးကို
ကြည့်ရင်း နေရောင်ခေါင်းတငြိမ့်ငြိမ့်ဖြစ်သည်။အနီနဲ့ အနက်ပေါင်း
စပ်ထားတဲ့ ဝတ်စုံမှာ စီးကွင့်လေးတွေ ထည့်ထား၏။ ပုံစံကချင်းရိုး
ရာဝတ်စုံလေးကို အနောက်နိုင်ငံပွဲတက်စတိုင် ဝတ်လိုက်ရင်fitting
ကျပြီး ခြေဖျားထိရှည်ကာ ပေါင်ရင်းလောက်ကနေစပြီးဂါဝန်အောက်
ပိုင်းကို ခွဲထားတဲ့ ဒီဇိုင်းမျိုးဆွဲထားတာဖြစ်သည်။နေရောင်ကြည့်နေ
တုန်းမှာပဲ...."ပြီးရင်တော့ ဖက်ရှင်ဒီဇိုင်နာ ကလိုအပ်သလို ပုံဖော်ပြီး ချုပ်မှာပါ"
"အင်း၊ ကြိုးစား၊မင်းတော်ရင် မင်းဆွဲတဲ့ ဒီဇိုင်းတွေက Fashion
Weekထိတောင်ရောက်နိုင်တယ်""ဗျာ"
ခန့်ဆက်မော့ကြည့်လိုက်တော့ နေရောင်က မျက်မှောင်ကုပ်ပြီးပြန်
ကြည့်၏၊ ဒီကောင်လေးကို သူရင်းရင်းနှီးနှီးမြင်ဖူးပါတယ်၊ဒါပေမဲ့
ဘယ်နေရာမှာလဲမမှတ်မိ။ထို့နောက် နေရောင်စပ်စုချင်စိတ်ဖြင့်..
YOU ARE READING
DOUBLE T(OR) BE MY LORD [ Completed ]