Unicode
နာရီကိုကြည့်လိုက်တော့ 2နာရီခွဲနေပြီ။ရိုက်ကူးရေးစသည့်အချိန်မှ စ၍fitness center အား နေ့တစ်ဝက်ပိတ်ထားရ၏။မနက်တစ်
ပိုင်းလုံး ရိုက်ကူးရေးလုပ်နေသည့်အမရာ အနားမှာပဲရှိနေရကာ တိုင်းဘယ်မှသွားလို့မရ။ ထိုသို့ တစ်ချိန်ကုန် ရှိနေခြင်းကြောင့် မန်နေဂျာအပါအဝင် ရိုက်ကူးရေးတာဝန်ခံတွေကအစ သို့လော သို့လောနှင့်နောက်ကွယ်မှာတော့ တီးတိုးပြောကြသည်။"cut!"
ဒါရိုက်တာ မှမတ်တပ်ထရပ်၍ပြောလိုက်ခြင်းဖြစ်သည်။ ထိုအခါမှ
staffတစ်ချို့က ပဝါနှင့် ရေဘူးကိုင်၍ ချွေးစို့နေသော အမရာထံ
အပြေးသွား၍ တစ်ရှူးတို့ဖြင့်ပွတ်သုတ်ပေး၏။ ထိုစဥ်ဒါရိုက်တာမှ တိုင်းအနား ရောက်လာကာ"golf ကဏ္ဍရိုက်ဖို့ပဲကျန်တော့တယ်၊ ကျွန်တော်တို့အနေနဲ့ သိပ်အချိန်မယူတော့ပဲ ချက်ခြင်းရိုက်ရမှာပါ၊ပြီးတော့ အားကစားဝတ်စုံလေး စီစဥ်ပေးဖို့တော့လိုတယ်"
"အားကစားဝတ်စုံကအသင့်ရှိတယ်၊ stylistက စီစဥ်ပြီးသား"
"အမရာကို စောင့်မနေပါနဲ့တော့ နောက်ရိုက်ကူးရေးအတွက်အချိန်သိပ်မယူရင်တောင်ကြာအုံးမှာ"
အမရာက ရေဘူးကိုင်ရင်း တိုင်းကိုပြော၏။ တိုင်းမတ်တပ်ရပ်၍ ခေါင်းခါလိုက်ကာ
"ကိုယ်အဆင်ပြေတယ်အမရာ၊ မင်းရဲ့ရိုက်ကူးရေးကိုသာပြီးအောင်လုပ်"
ဒီလိုမျိူးပြောပေးတာကိုကျေးဇူးတင်ပေမယ့် အမရာ မျက်နှာပူ၏။
ဟန်ဆောင်ခြင်းသက်သက်မှာ တစ်ခြားသူတွေကို၏အမြင်ကိုလဲထည့်
တွက်သင့်သည်။ ပြီးတော့ အမရာက အခုချိန်မှာတစ်နိုင်ငံလုံးက
သည်းသည်းလှုပ်နေတာမလို့ ဒီလိုတွဲနေတယ်ဆိုတာ သတင်းထွက်
ကြည့်နှစ်ဦးနှစ်ဖက်အတွက်ကောင်းမည်မဟုတ်။ ငွေကြေးတစ်ခုထဲကိုသာကြည့်ပြီး လက်ခံခဲ့ပေမယ့် တကယ်တမ်းကျ စိန်ခေါ်မှုကိုလက်ခံထားရသလို၊ အဖက်ဖက်မှ ဆုံးရှုံးမှုတွေများနိုင်လေသည်။အခုတောင်ပတ်ဝန်းကျင်မှလူတွေရဲ့ အကြည့်တွေကို အမရာလျစ်လျူရှုထားရ
၏၊သူတို့အမြင်မှာတော့ အမရာက ဟိုတယ်လုပ်ငန်းစုရဲ့ဆက်ခံသူ
ကိုအပိုင်ကြံပြီးစင်ဒရဲလား ဖြစ်နေပြီလို့တွက်ပေမယ့်ပေါ့လေ...။
တိုင်းတကယ်ပဲ ဒါတွေကိုမသိချင်ယောင်ဆောင်ထားတာလား။တိုင်းကရောဘာဖြစ်လို့ သူမကိုလဲလက်ခံသလဲ တကယ်ကိုပင်သိချင်၏။
YOU ARE READING
DOUBLE T(OR) BE MY LORD [ Completed ]