Ep_18

4.8K 244 6
                                    

Unicode

"အဲ့ဒီပစ္စည်းတွေဟိုဘက်ထောင့်ကပ်ထား"

"ဟုတ်ကဲ့ပါရှင့်"

"swimming poolနားမှာလဲ စားပွဲဝိုင်းတွေကို အခင်းအကျင်းနဲ့သေချာလေးပြင်ဆင်ထားကြ"

"ဟုတ်ကဲ့"

မွေးနေ့ပွဲအတွက် အပြင်အဆင်စားပွဲဝိုင်းတွေကို ခြံကျယ်ကြီးထဲနေရာ
ချနေခြင်းဖြစ်သည်။ဒေါ်မြညို အလုပ်လုပ်နေတဲ့ဝန်ထမ်းတွေကိုလိုက်
စစ်ဆေးနေပြီး ပွဲအတွက်လိုအပ်သည်များကိုတစ်ခါထဲမှာကြားသည်။
ထို့အတူ ခြံထဲရှိ သစ်ရွက်ခြောက်တွေကိုရှင်းလင်းခိုင်းရသည်။
နေညိုချိန်ဖြစ်တာမလို့ သစ်ပင်ကြီးတွေနဲ့အတူ တိမ်တောက်တွေဟာလဲလှပလျက် လေပြင်းတစ်ချက်တိုးဝှေ့သွားလေသည်။

ဒေါ်မြညိုစံအိမ်ထဲပြန်ဝင်လာသည်နှင့် Kitchen ခန်းထဲအရင်ဆုံးသွားကာchefကိုတွေ့သည်နှင့် ပုဇွန်နဲ့ပြုလုပ်သည့်မုန့်တွေကို သီးသန့်ဖယ်ထားရန်ပြောလိုက်တော့သည်။ ထိုစဥ် ပေါ်တီကိုအောက် ကားတစ်စီးထိုးဝင်လာတာမြင်လိုက်တော့ အပြေးသွားကြိုလိုက်၏။

"သခင်မကြီးနဲ့ သခင်ကြီးရောက်လာပြီလား"

"အင်း!သားရော..."

"suite roomထဲမှာပါ၊ခဏနေမှ ဆင်းလာမယ်ထင်တယ်"

ဒေါ်ငွေနန်းရွှေရည်က ပေါ်တီကိုအောက်ရောက်သည်နှင့် စံအိမ်ထဲအရင်မဝင်။ ခြံဝင်းကြီးထဲသို့ဦးစွာသွား၍ အပြင်အဆင်များကို လှည့်
ပတ်ကြည့်ရှုလေသည်။ ဦးမင်းထည်ဝါနှင့် ဒေါ်ငွေနန်းရွှေရည်တို့
ရောက်လာတော့ စံအိမ်ဝန်ထမ်းတွေလဲ တွေ့တဲ့နေရာကနေ ဦးညွန့်
နှုတ်ဆက်ကာ မန်နေဂျာက အပြင်အဆင်များကို ရှင်းပြ၏။ ဦးမင်း
ထည်ဝါ သစ်ပင်ကြီးတွေဆီအကြည့်ရောက်နေတုန်း ဒေါ်ငွေနန်းရွှေရည်က အိမ်တော်ထိန်းနဲ့အတူ စံအိမ်ဘက်ပြန်လှည့်လာသည်။ လက်ထဲမှ sling bangကိုလဲ ချိတ်ထားရင်း

"စုံစမ်းခိုင်းတာသိရပြီလား"

"ဟုတ်ကဲ့သိရပါပြီ သခင်မကြီး"

"သူမရော ဒီနေ့လာမှာလား"

"သခင်လေးက ဟိုတယ်မှအကြီးအကဲအချို့ကိုလဲဖိတ်ကြားထားတယ်လို့သိရပါတယ်၊ သူမပါလောက်မှာသေချာပါတယ်"

DOUBLE T(OR) BE MY LORD [ Completed ]Where stories live. Discover now