Unicode
"ဟေး!richard!"
နောက်မှ အော်ခေါ်သံကြောင့် စံအိမ်သွားမလို့ ဘုန်းဆက်လှည့်ကြည့်လျှင် ဘေးအခန်းမှခြူးခြူးဖြစ်နေသောကြောင့် နှုတ်ခမ်းတွန့်သွား
၏။ ထိုကောင်လေးက အပြေးလာပြီး ဘုန်းဆက်နှင့်အတူ စံအိမ်ဆီသို့လျှောက်လာရင်း"မင်းဘယ်တွေရောက်နေတာလဲ၊ ငါ့မှာတော့ လူစစ်ရင်ပြာယာကိုခက်လို့ကွာ အိမ်တော်ထိန်းကြီးသိရင် အပြစ်ပေးခံရမှာစိုးလို့ လှည့်ပတ်
ဖြေနေရတာ၊ ဘယ့်နှယ့် ဘဝကလဲ တက္ကသိုလ်တက်ရင် အတန်းလစ်တဲ့သူငယ်ချင်းအစား ဆရာ မသိအောင်roll callခိုးထိုးပေးနေရသလိုပဲ""အဟက်!မင်းဘယ်လိုဖြေလိုက်လဲ"
"ဟင်!အော်...မင်းဘိုးဘိုး နေမကောင်းလို့ခဏပြန်သွားတယ်ပေါ့"
ရှေ့ကိုကြည့်ရင်း ကျေးဇူးရှင်ကြီးလိုပြောနေသည့် သူငယ်ချင်းဖြစ်သူ
ကိုကြည့်ပြီး ဘုန်းဆက် တဟားဟားအော်ရယ်လေတော့သည်။
အကြောင်းကတော့..ဘိုးဘိုးကဖြင့် ဆုံးပါးသွားခဲ့သည်မှာ နှစ်ချို့နေလေပြီ။ ခြူးခြူးပေါက်ကရပြောသည်ကိုအိမ်တော်ထိန်းကြီးကလဲ
မသိထားပဲနေမလားလေ...။ဘုန်းဆက် တိုင်းဆီလိုက်သွားတာတောင်သိချင်သိနေနိုင်သေးသည်။ ခြူးခြူးကတော့ သူငယ်ချင်းကိုကာကွယ်ပေးနိုင်သူကြီးဟု သူကိုယ်သူအဟုတ်ကြီးတွေအမှတ်ဖြင့် ပြုံးပြုံးဖြီးဖြီး။"ကျေးဇူးပဲ ငါ့အတွက်ပြောပေးလို့ ဒါပေမယ့် နည်းနည်းတော့လွဲနေတယ်ကွ.."
လမ်းလျှောက်ရင်းဘုန်းဆက်က ခြူးခြူးပုခုံးပေါ်လက်တင်လိုက်ပြီး
စောင်းငဲ့ကြည့်တော့ ခြူးခြူးက ဘာလွဲတာလဲ ဆိုသည့်မျက်လုံးတို့
ဖြင့်ပြန်ကြည့်သည်။ ဘုန်းဆက် လှစ်ခနဲ ပြုံး၍"ငါ့မှာအဘိုးမရှိတော့ဘူး"
"ဟင်!ဒါဆို အိမ်တော်ထိန်းကြီးက ငါလိမ်တာသိနေမှာပေါ့"
ဘုန်းဆက်ပုခုံးတွန့်ပြလိုက်သည်။ပြီးမှ
"သူသိမသိ မင်းသွားမေးကြည့်ပါလား"
"ဟင့်အင်း!ဒီစံအိမ်မှာ သခင်လေးပြီးရင် ကြောက်ဖို့အကောင်းဆုံးက
အိမ်တော်ထိန်းကြီးရဲ့ စကားလုံးတွေပဲ"
YOU ARE READING
DOUBLE T(OR) BE MY LORD [ Completed ]