Ep_19

4.4K 241 1
                                    

Unicode

ဖုန်းထဲမှစကားသံကိုနားထောင်ပြီးခန့်ဆက်သက်ပြင်းချလေသည်။တစ်နေ့နေ့တစ်ချိန်ချိန်မှာဒီလိုတွေဖြစ်လာမယ်ဆိုတာ ခန့်မှန်းပြီးသား။
ဒေါ်ငွေနန်းရွှေရည်က သူတို့ညီအကို၊ကိုသဘောမကျမှန်းလဲ သိထားပြီးသားဖြစ်သည်။ ထို့ကြောင့်ခန့်ဆက်က သူတို့ဆီပြန်မသွားရန်ဆုံး
ဖြတ်ခဲ့သော်လည်း ညီဖြစ်သူကိုတော့ တားမရခဲ့ပေ။ ဘုန်းဆက်ကိုပဲ သူ့အနားပြန်ခေါ်ထားရမလား။ဒီလိုစဥ်းစားတော့လဲ ဟိုကောင်ကအတူ
တူနေချင်မှနေမည်။ခန့်ဆက်သက်ပြင်းချ၍အလုပ်ခန်းလေးထဲငုတ်
တုပ်ထိုင်နေရင်းပုံတွေကိုလဲ ဆက်မဆွဲဖြစ်။ အလုပ်ထဲမှာစိတ်နှစ်လို့
မရလျှင် ဘာကိုမှဆက်မလုပ်ချင်။

"ဒေါက်!ဒေါက်!"

အခန်းတံခါးခေါက်သံကြားတော့ ခန့်ဆက်မျက်လွှာပင့်ကြည့်သည်။
နေရောင်က တံခါးရွက်မှာလက်ပိုက်လျက်မှီးထားရင်း မျက်ခုံးတန်း
တွေစုကုပ်နေ၍ ခန့်ဆက်ကိုကြည့်ကာ အကဲခက်နေခြင်းဖြစ်သည်။

"ကိုခေတ်ဘယ်တုန်းကရောက်နေတာလဲ"

"၁၅မိနစ်လောက်ရှိပြီ၊လူတစ်ယောက်လုံးရပ်ကြည့်နေတာမသိ
လောက်အောင် အတွေးတွေဘယ်ရောက်နေလဲ၊ အစ်ကို ဝတ်စုံချုပ်
မလို့၊ ဒီဇိုင်းဆွဲပေး"

ခန့်ဆက်မတ်တပ်ရပ်၍ လိုက်ကာမှ အပြင်ကိုတစ်ချက်လှမ်းကြည့်ပြီး

"အပြင်မှာ ဒီဇိုင်နာမမတွေရှိတယ်လေ"

"သူတို့မအားဘူး"

နေရောင်ကအနားလာရပ်တော့ စားပွဲကနေထွက်လိုက်ပြီး ကိုယ်တိုင်းယူရန်အတွက် ပေကြိုးရှာသည်။ ဘီရိုအသေးတစ်လုံးထဲမှ ပေကြိုးရှာ
တွေ့သည်နှင့်ပုခုံးပေါ်ကနေလက်ကောက်ဝတ်ထိ အရင်ဆုံးတိုင်း၏၊ပြီးမှ ခါးတိုင်းဖို့ကြိုးကိုခါးပတ်လိုက်လျှင် ခပ်ပြင်းပြင်းရေမွှေးရနံ့က
'လှိုင်'ခနဲနှာခေါင်းထဲတိုးဝင်လာသည်။ထိုရနံ့ကြောင့် နှာခေါင်းပင်ရှုံ့လိုက်မိသည်အထိ။ဒီလိုရနံ့မျိုးတွေခန့်ဆက်မကြိုက်။ ရေမွှေးနံ့ပြင်းလေ ခေါင်းမူးလေဖြစ်သည်။ အတိုင်းယူပြီးစာအုပ်မှချမှတ်ထားတော့နေရောင်က ငုံ့ကြည့်နေရင်း

DOUBLE T(OR) BE MY LORD [ Completed ]Where stories live. Discover now