Unicode
Fashion Weekအတွက် တစ်ပတ်အတွင်းပြင်ဆင်ရတာမလို့
ဒီဇိုင်နာတွေအကုန်လုံးအလုပ်ရှုပ်နေသည်။ ဒီဇိုင်နာမိန်းကလေးက
အထည်ကို လက်ချုပ်လိုက်နေပြီးမှ အချောသတ်ရန်ပြင်ဆင်နေစဥ်
ဆိုင်ရှေ့ကားတစ်စီးထိုးရပ်လာတာကြည့်လိုက်၏၊ နေရောင် ကားပေါ်မှဆင်းပြီး လက်ထဲကဖိုင်တစ်ခုကိုင်လာကာ ဆိုင်ထဲဝင်လာပုံကဒေါသ
ထွက်နေသယောင်ရှိသည်။ အပြင်မှာရှိသည့် ဒီဇိုင်နာတွေကိုအာရုံမရပဲ ခန့်ဆက်၏ရုံးခန်းလေးဆီသို့ဝင်သွား၏၊ခဏအကြာမှပြန်ထွက်လာပြီး နေရောင်၏အနားကိုရောက်လာသည့်ပိတ်ထည်တွေမလာတဲ့ဒီဇိုင်နာတစ်ယောက်ကိုကြည့်၍"ခန့်ဆက်မှူးသွင် ဘယ်မှာလဲ"
"ရှင်!ဟို...ငယ်လေးကခုထိမရောက်သေးဘူးboss"
နေရောင် စုတ်သပ်ပြီးခါးထောက်ကာ နားထင်ကိုဖိနှိပ်နေလိုက်သည်။ သိပ်မကြာပါ..ခန့်ဆက်ဆိုင်ထဲဝင်လာသည်နှင့် မျက်ခုံးတန်းတွေတွန့်
ကုပ်သွားလျက် လက်မောင်းကိုသွားဆွဲလိုက်လေသည်။"မင်းကိုငါမေးစရာရှိတယ်"
"ဟုတ်!"
လေသံကမာမာထန်ထန်ဖြစ်နေတော့ ခန့်ဆက်အနည်းငယ်လန့်သွားပြီး
ပြူးကြည့်သည်။ပုံမှန်ဆို ဒီလိုဒေါသထွက်နေတာမျိုး မမြင်ဖူးပေ။
ထိုစဥ် ဖိုင်ကိုစားပွဲပေါ်ပစ်တင်လိုက်ပြီး"အဲ့ဒီမှာ မင်းဆွဲခဲ့တဲ့ဒီဇိုင်းဘယ်သူ့ဆီက ကူးချထားတာလဲ"
"ခင်ဗျာ!"
ပစ်ချထားသည့်ဖိုင်ကိုအကြည့်ရောက်သွားကာ ခန့်ဆက်မေးရိုးတင်းခနဲဖြစ်သွားသည်။ ထို့နောက်ချက်ချင်း ဖိုင်ကိုကောက်ယူပြီး ဖွင့်
ကြည့်လိုက်တော့ သူဆွဲထားသည့် အင်္ကျီဒီဇိုင်းဖြစ်နေလေသည်။
ပြီးတော့ မျက်မှောင်ကျုံ့လိုက်ရင်း ဖိုင်ကိုကိုင်ထားကာ"ကိုခေတ်ဒါက ကျွန်တော်ဆွဲထားတဲ့ပုံတွေလေ ဘယ်သူ့ဆီက ကူးချတာဖြစ်ရမှာလဲ"
"မင်းကူးချထားလို့ တစ်ဖက်ဆိုင်က ငါ့ကိုလျော်ကြေးတောင်းနေပြီ၊
လျော်ကြေးအတွက်ကိစ္စမရှိပေမယ့်၊ ဆိုင်နာမည်ကျမယ့်အဖြစ်ကိုတော့လက်မခံနိုင်ဘူး။ငါတို့ဆိုင်က သူ့ဆိုင်က ဒီဇိုင်း တွေကိုကူးချထားတယ်ဆိုပြီး onlineပေါ်မှာလဲ သတင်းပြန့်နေပြီမင်းသိလား"
YOU ARE READING
DOUBLE T(OR) BE MY LORD [ Completed ]