381------390

180 21 0
                                    

အခန်း(၃၈၁) - အင်ပါယာအဆင့်က အကူအညီ ပေးခြင်း။

ငရဲနဂါးကြီးက ဖိန်ရွှမ်အလောင်းအား လုယူ သွားသည်ကို မြင်လိုက်လျှင် ယဥ်ကျေးပါသည် ဆိုသော  လင်ချန်းသည်  စိတ်တို၍

“မစ္စတာ ထိန်းချုပ်သူ။ မင်းက စောက်ရမ်း လောဘကြီးလွန်းတယ်။  မင်းပုံစံက    စားခွက်လုတဲ့ ပုံ ဖြစ်နေပြီဆိုတာ သိရဲ့လား”

ခရမ်းရောင်ကျီးကန်း အဖွဲ့အစည်းသည် လူတပိုင်းနတ်ဘုရားတပိုင်း ဦးနှောက်ကို လုယူနိုင်ရန် လဝက်ကျော်  ကြာအောင်  ကြံစည် ခဲ့ရသည်။ ဒီကိစ္စကို ကိုင်တွယ်ရန် အဖွဲ့နှစ်ဖွဲ့ ခေါ်ခဲ့ရသည်။ အဖွဲ့တစ်ဖွဲ့က လူတပိုင်း နတ်ဘုရားတပိုင်း ဦးနှောက်ကိုခိုးယူရန် တာဝန်ယူရပြီး ဒုတိယအဖွဲ့က ဝပ်ကျင်းထဲတွင် ရှိနေသော စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ဝင်များကို အချိန်ဆွဲ  ထားရသည်။
သူတို့ အထဲမှ လူရှစ်ဆယ်ကျော်သည် သန့်ရှင်းမီးလျှံအဆင့် ဖြစ်ပြီး ထိပ်တန်းအဖွဲ့ဝင် လေးယောက်နှင့် အခြေအနေကို ထိန်းချုပ်နိုင်ရန် အင်ပါယာအဆင့်  တစ်ယောက်ပင် ပါသေးသည်။

ထိုသို့သော အခြေအနေများ အောက်၌ပင် ထိန်းချုပ်သူ ဆိုသည့်ကောင်က ရုတ်တရက် ပေါ်လာပြီး ခရမ်းရောင်ကျီးကန်း အဖွဲ့အစည်း၏ အစီအစဥ်ကို မမျှော်လင့်သော အပြောင်းအလဲများ ဖြစ်ပေါ်စေခဲ့သည်။

လင်ချန်းသည် ဒီစစ်ဆင်ရေးကို အဆိုပြုခဲ့သူ ဖြစ်နေသဖြင့် ယခုလက်ရှိ  အခြေအနေကို လုံးဝ လက်မခံနိုင်ပေ။

“ငါလား။ လောဘ မကြီးပါဘူးကွာ။ ငါ့ရဲ့ အကျင့်ကိုက မစားရင်မစားဘူး။ စားရင်လည်း တစ်ခုတည်းနဲ့  ဗိုက်မပြည့်တတ်ဘူး”

ငရဲနဂါးကြီးထံမှ အသံ ထွက်ပေါ်လာကာ လင်းဟွမ်က  အမှန်တိုင်း ပြောနေခြင်းပင်

“မတရား စားပြီး မင်းအတွက် စားပိုးနင်မှာ မကြောက်ဘူးလား”
လင်ချန်းက မျက်လုံးပြူးပြီး ပြန်အော်လိုက်လျှင်

“ငါ့ကို ခြိမ်းခြောက်နေတာလား”

အနက်ရောင် ငရဲနဂါးကြီးက ထပ်မေးလိုက်သည်။

“ခရမ်းရောင် ကျီးကန်း အဖွဲ့အစည်းက လူတပိုင်းနတ်ဘုရားတပိုင်း ဦးနှောက်ကို ရသင့်တယ်။ အခု မင်းက မင်းရဲ့ပုံရိပ်ကို ဖုံးကွယ်ထားနိုင်တယ်။ အေး ဒါပေမဲ့ မင်းက အမြဲတမ်းတော့ ထွက်မပြေး နိုင်ပါဘူးကွာ။ ခရမ်းရောင်ကျီးကန်း အဖွဲ့အစည်း ပိုင်ဆိုင်တဲ့အရာကို  ခိုးပြီးသွားရင် မင်းက အဓိကဇုန်ကို ထွက်ပြေးရင်တောင် မင်းကို တွေ့အောင်  ရှာနိုင်တယ်။”

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now