971--------980

32 7 0
                                    

အခန်း(၉၇၁) - ချန်းသွမ် တိုက်ခိုက် ခံရတာလား..

လင်းဟွမ်သည် စမ်းသပ်မှုမှ ထွက်လာပြီး မျက်လုံး ပြန်ဖွင့်လိုက်သောအခါ ဝမ်ပေါင်မြို့ရှိ ဟိုတယ်အခန်းထဲ ပြန်ရောက်နေကြောင်း သိလိုက်ရသည်။
တစ်လဟု သတ်မှတ်ထားသော စမ်းသပ်မှုက စောစောစီးစီး ပြီးဆုံးခဲ့ပြီး (၁၂) ရက်သာ ကြာမြင့် ခဲ့သည်။

လင်းဟွမ်သည် သူ၏ တိုက်ခိုက်ရေးအဆင့် မြင့်တက်လာခြင်း မရှိသော်လည်း စမ်းသပ်မှု ရလဒ်အတွက်  အားရ ကျေနပ်နေသည်။

အကြီးမားဆုံး ရိတ်သိမ်းမှုမှာ မသေမျိုး စစ်တပ် အင်အား    တစ်သိန်းကျော်၊  မဟာ ကမ္ဘာနှင့် အသေးစား ကမ္ဘာပေါင်း ထောင်ပေါင်းများစွာက သတင်း  အချက်အလက်များကို မသေမျိုးစစ်တပ်၏ ဝိညာဉ်များထံမှ  သိခဲ့ရသည့်  အချက်  ပင်။

ကျင့်ကြံခြင်း ကျင့်စဉ် အမျိုးမျိုးက ဒုတိယမြောက် အကောင်းဆုံး ရိတ်သိမ်းမှု ဖြစ်သည်။ ဤမှတ်ဉာဏ်များထဲမှ အချက်အလက်များက လင်းဟွမ်၏ အမြင်ကို အလွန် ကျယ်ပြန့် လာစေခဲ့သည်။ ယခုလက်ရှိ သူ နေထိုင်နေသော ကျောက်စရစ်ခဲ ကမ္ဘာလေးက ကစားပွဲထဲမှ ရွာလေး တစ်ရွာ မျှသာ 
ဖြစ်ကြောင်း    သိခဲ့ရသည်။

“ ရန်လင်းက မဟာကမ္ဘာနဲ့ အသေးစား ကမ္ဘာတွေက သိုလှောင် ပစ္စည်းတွေကို ဖွင့်ပေးနိုင်ပါ့မလား….။ တကယ်လို့ သူမလုပ်နိုင်ရင် ဖွင့်ပေးဖို့အတွက် မဟာကမ္ဘာကြီးထဲက တစ်ယောက်ယောက်ကို   ရှာရမယ်..”

လင်းဟွမ်သည် ဖွင့်ရမည့် သိုလှောင်ပစ္စည်းများ အကြောင်းကို တွေးတောရင် စမ်းသပ်မှုနေရာကို သွားခဲ့ရသည့် ခရီးစဉ်က ထိုက်တန်သည်ဟု တွေးလိုက်မိသည်။

သို့သော်လည်း မင်းဆက် အဖွဲ့ဝင်များနှင့် ပတ်သက်သည့်  ကိစ္စကိုမူ ဘေးဖယ်ထားလိုက်သည်။

စမ်းသပ်မှုထဲမှ ပြန်ထွက်လာပြီး ဆယ်စက္ကန့် မပြည့်ခင် အချိန်မှာပင် သူ့အင်ပါယာ နှလုံးသား လက်စွပ်က ကွန်ရက်နှင့် ချိတ်ဆက်မိပြီး တုန်ခါ လာသည်။

ဆက်သွယ်ရေး မျက်နှာပြင်ကို ချက်ချင်း   ဖွင့်ကြည့်လိုက်သည်။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now