961--------970

52 4 0
                                    

အခန်း(၉၆၁) - ခမောက်တောင်

ရှီကွမ်နှင့် အခြားလူနှစ်ယောက်သည် အင်ပါယာ ရွှေဖြူရောင် အဆင့်တွင် ရှိကြသည်။ သူတို့၏ တိုက်ခိုက်ရေး အဆင့်က သွေးရဲရဲလေး၏ ကပ်ပါး ကူးစက်နိုင်စွမ်းထက်  ကျော်လွန်နေသည်။

သို့သော်လည်း လင်းဟွမ် အတွက်မူ ခက်ခဲခြင်း မရှိပေ။

နတ်ဘုရားရုပ်တု တိုက်ခိုက်ရေး ဝိညာဉ် အိမ်မက်ဆိုး ကြံ့သူတော်တွင် ညှို့ယူနိုင်စွမ်း ရှိ၏။  ‌အိမ်မက်ဆိုး ကြံ့သူတော်၏ တိုက်ခိုက်ရေးအဆင့်က အင်ပါယာ ရွှေဖြူအဆင့်မှာသာ ရှိသော်လည်း အင်ပါယာ ရွှေခရမ်းရောင်အဆင့် တန်ခိုးရှင်များကို ထိန်းချုပ်ရန်  လုံလောက်သည်။

‌သွေးရဲရဲလေးသည် မြေပေါ်တွင် လဲနေသော အင်ပါယာအဆင့် တန်ခိုးရှင်များ၏ မှတ်ဉာဏ်များကို ထုတ်ယူရန် ကြိုးစားနေစဉ် လင်းဟွမ်သည် ညှို့ယူခြင်း ခံထားရသော ရှီကွမ်နှင့် အခြားနှစ်ယောက်ကို စတင်၍ စစ်ဆေး မေးမြန်း နေသည်။

"မင်း နာမည်  ဘယ်လိုခေါ်လဲ"

"ရှီကွမ်..”

"ဘာလို့ အရိပ် ချောက်ကမ်းပါးကို လာတာလဲ…."

"ကိုယ်စားလှယ်လောင်းတွေကို သတ်ဖို့"

“ကိုယ်စားလှယ်လောင်းတွေအကြောင်း ဘယ်သူ ပြောတာလဲ”

"ဂျီနင်  ပြောတာ"

"ဂျီနင်က ဘယ်သူလဲ။ ဘာဖြစ်လို့ သူ့ကို ယုံတာလဲ"

“မင်းဆက်က ငါတို့ကို တစ်ရက်တည်း အတူတူ ဒီအကျဉ်းထောင်ထဲ ပို့ခဲ့တာ။ အခက်အခဲတွေကို အတူတူ ဖြတ်ကျော်ခဲ့ရလို့လည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်။ နောက်ပြီးတော့ ငါတို့နှစ်ယောက်က စကား နည်းနည်းလောက် ပြောပြီးတာနဲ့ သူငယ်ချင်း ကောင်းတွေ ဖြစ်လာခဲ့တာကြောင့်ပဲ။ သူက ဒီထောင်ထဲမှာ  ငါနဲ့ စကားပြောလို့ရတဲ့ လူနည်းစုထဲက တစ်ယောက် ဖြစ်သလို ငါသတိ လျော့ချထားလို့ရတဲ့ လူတွေထဲက တစ်ယောက်ဆိုလည်း မမှားဘူး”

လင်းဟွမ်က သိပြီးသား အဖြေများကို မေးရင်း ညှို့ယူခြင်း စွမ်းရည်က အမှန်တကယ် အသက်ဝင်နေခြင်း ရှိ၊ မရှိကို အတည်ပြုလိုက်သည်။ ထို့နောက် လက်ရှိ မေးမြန်းနေသည့် စကားလမ်းကြောင်းကို ဖြတ်တောက်ပြီး အဓိက အကြောင်းအရာကို  သွားလိုက်သည်။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now