အခန်း(၄၉၁) - သူတို့နဲ့ ကစားကြတာပေါ့။
မကြာခင် ရှာဖွေမှုရလဒ်က ဝမ်ကျီကျွင်း ရှေ့တွင် ပေါ်လာသည်။
“အရှေ့တောင်ဘက် အရပ်မှာ အင်မော်တယ် အဆင့်သုံးနဲ့ အင်မော်တယ်အဆင့်ငါး နှစ်ယောက် ရှိတယ်”
ဝမ်ကျီကျွင်းသည် ခတ္တမျှ တုံ့ဆိုင်းသွားပြီးနောက် မြူခိုးသစ်တောထဲမှ ပြန်
ထွက်လာသည်။“နှစ်ယောက်တစ်ယောက် တိုက်ပွဲက ပျော်ဖို့ မကောင်းဘူး။ ငါ့ကို ကူညီဖို့
တစ်ယောက် ရှာရမယ်”ထို့နောက် နေရာကူးပြောင်းခြင်း ဓါတ်ကြွင်းကို ဆင့်ခေါ်ပြီး အထဲဝင်သွား
သည်။ မကြာခင် ဒုတိယဌာနမှူးကျန်း၏ လက်ကိုဆွဲပြီး နေရာကူး ပြောင်းခြင်း
ဓါတ်ကြွင်းထဲမှ ပြန်ထွက်လာသည်။“အခု ငါ့လက်ကို လွှတ်ပေးလို့ ရပြီ”
ကျန်းရွှယ်ဖန်း၏ မျက်နှာတွင် အမူအရာကင်းမဲ့လျက် ရှိနေသော်လည်း သူ၏
ဘယ်ဘက်လက်ကို ဆုက်ကိုင်ထားဆဲ ဖြစ်သော ဝမ်ကျီကျွင်းကို ထိတ်လန့်တ
ကြား ကြည့်လိုက်သည်။အမျိုးသားနှစ်ယောက် ဖြစ်သော ဒုတိယဌာနမှူး နှစ်ယောက်က လက်ကိုင်ပြီး
နေရာကူးပြောင်းခြင်း ဓါတ်ကြွင်းထဲသို့ ဝင်သွားသည့် မြင်ကွင်းကို မြင်ယောင်
ကြည့်ပါ။ ဤမြင်ကွင်းကို သိုင်းပညာ မုဆိုးကောလိပ်ရှိ ဆရာပေါင်း ရာကျော်
က မြင်ခဲ့ကြပြီး သူတို့၏ မျက်နှာပေါ်တွင် ဖြစ်ပေါ်နေသော အမူအရာများကို
စကားလုံး တစ်လုံးနှင့်သာ ဖော်ပြနိုင်သည်။ အင်မတန် အံ့ဩမှင်တက် နေခြင်း
ပင်။ကျန်းရွှယ်ဖန်းသည် ဝမ်ကျီကျွင်း ယခုလုပ်ခဲ့သော လုပ်ရပ်လေးတစ်ခုက နှစ်
ပေါင်းများစွာ သူ တည်ဆောက်ခဲ့ရသော ပုံရိပ်ကို ထိခိုက် ပျက်ဆီးစေနိုင်သည်
ဟု ခံစားနေရသည်။“အာ ငါ တောင်ပန်ပါတယ်။ အခု ငါ အရမ်း စိတ်လောနေလို့။ မဟုတ်ဘူး
အရမ်း စိုးရိမ်နေလို့ပါ”ဝမ်ကျီကျွင်းက လက်ကို ကမန်းကတန်း လွှတ်ပေးပြီး ရှင်းပြလိုက်သည်။
“ပြောပါဦး၊ ဘာဖြစ်လို့လဲ”
ကျန်းရွှယ်ဖန်းသည် ဝမ်ကျီကျွင်းက သူတစ်ယောက်တည်း မကိုင်တွယ်နိုင်
သဖြင့် သူ့ကို ခေါ်ထုတ်လာကြောင်း သတိထားမိသည်။
ВЫ ЧИТАЕТЕ
မွန်းစတားတို့၏သုခဘုံ မြန္းစတားတို႔၏သုခဘုံ
ПриключенияUni & Zawgyi အပိုင်း ၁ မှ ၁၀၃၀.........