🛑821---824-826---830

143 13 0
                                    

အပိုင်း 825ကို ကျော်တင်ပေးထားလို့မရှိပါဘူး

အခန်း(၈၂၁) - နတ်ဘုရားသတ် အမြောက်များ လေလံတင်ခြင်း….

အချိန်များ တစ်ရွေ့ရွေ့ ကုန်ဆုံးလာခဲ့ပြီး မကြာခင် မြေအောက်လေလံပွဲ၏ (၃) ရက်မြောက်နေ့ ရောက်လာခဲ့သည်။

လင်းဟွမ်သည် ပထမ နှစ်ရက်အတွင်းတွင် မျိုးရိုးဗီဇဆိုင်ရာ ထုတ်ကုန်များစွာ တွေ့ခဲ့ရသည်။ လူသားအတုများ၊ သန္ဓေပြောင်းများနှင့် မွန်းစတားစွယ်စုံကျမ်းထဲတွင် တစ်ခါမှ မရှိဖူးသေးသော မျိုးရိုးဗီဇ ပြုပြင်ထားသည့် မွန်းစတားများစွာ ပါဝင်သေးသည်။ ထိုအချက်ကြောင့် အမာရွတ် အမှတ်အသား အလုပ်ရုံကိုပင် ပြန်သတိရသွားသည်။ အမာရွတ် အမှတ်အသား အလုပ်ရုံမှ လူများ ဖန်တီးထားသော မွန်းစတားများစွာ ရှိသည့် ပ‌ဟေဠိကျွန်းကိုပင် ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။

“ကြည့်ရတာ ဝမ်ပေါင်လေလံပွဲကို အမာရွတ် အမှတ်အသား အလုပ်ရုံက ထော
က်ပံပေးထားတဲ့ပုံပဲ။ သူတို့မှာ ပိုပြီးရင်းနှီးတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနိုင်တယ်။ နောက်ပြီးတော့ အမာရွတ် အမှတ်အသား အလုပ်ရုံလိုမျိုး အဖွဲ့အစည်းကလည်း ဒီလို လေ့လာမှုတွေ ပြုလုပ်ဖို့အတွက် ကြီးမားတဲ့ ငွေကြေးထောက်ပံ့မှုတွေ လိုအပ်တယ်”

လွီ ဓါတ်ခွဲခန်းဟူသော နာမည်သည် လင်းဟွမ် စိတ်ထဲတွင် ပေါ်လာသည်။ ဒါ
သည် အမာရွတ် အမှတ်အသား အလုပ်ရုံမှ ဆင်းသက်လာသော အဖွဲ့အစည်း
ဖြစ်သောကြောင့် လားရာတူသော လမ်းကြောင်းတွင် လေ့လာမှုများ ပြုလုပ်နေလိမ့်မည်။ သို့သော်လည်း လင်းဟွမ်သည် ထိုအကြောင်းနှင့် ပတ်သက်၍ များ
များစားစား မသိသောကြောင့် မသေချာ မရေရာပေ။

ထို့ကြောင့် လေလံပွဲထဲတွင် နတ်ဘုရားသတ် အမြောက်များ ပေါ်လာမည့်အချိန်
ကိုသာ စောင့်ဆိုင်းရင်း စိတ်အိုက်နေခဲ့သည်။

“ (၅) ခုမြောက် စုဆောင်းမှုက လူတော်တော်များများ စောင့်နေကြတဲ့အရာပါ”

အနက်ရောင် ပိတ်စများကို ဖယ်ရှားလိုက်သောအခါ အနက်ရောင်  သေတ္တာ
ကြီးများ ပေါ်လာသည်။
လူများသည် အူကြောင်ကြောင် ဖြစ်နေပြီးမှ ကျယ်လောင်စွာ  ထအော်ကြ
သည်။

မွန်းစတားတို့၏သုခဘုံ  မွန်းစတားတို့၏သုခဘုံWhere stories live. Discover now