အခန်း(၇၈၁) - ပျားအုံ။
လျှို့ဝှက် သစ်တောထဲတွင် လင်းဟွမ်၏ ခန္ဓာကိုယ် အရွယ်အစားမှာ (၂) မီလီမီတာထက်ပင် သေးငယ်သည့် အရွယ်အစားအထိ ကျုံ့ဝင်သွားသည်။ အရာအားလုံးက သူ့အတွက် အလွန် ကြီးမားနေသည်။
လင်းဟွမ်က သာမန် ရုံးပတီသီး တစ်ခုကိုပင် ဧရာမ အမိုးခုံးကြီး တစ်ခုကဲ့သို့ မြင်နေရသည်။ လျှို့ဝှက်သစ်တောရှိ သစ်ပင်များက မည်သူမှ မကျော်ဖြတ်နိုင်သော ချောက်ကမ်းပါးကြီးများကဲ့သို့ ဖြစ်နေသည်။
ကံကောင်းသည်မှာ သူ၏ တိုက်ခိုက်ရေးအစွမ်းနှင့် စိတ်စွမ်းအားအပေါ် သက်ရောက်ခြင်း မရှိခဲ့ချေ။ နယ်မြေပိုင်နက်အသိနှင့် စိတ်စွမ်းအားတို့ကိုလည်း ကန့်သတ်ထားခြင်း မရှိပေ။
မီတာ (၄,၀၀၀) အချင်းဝက်အတွင်းရှိ အရာများကို ထောက်လှမ်း နိုင်သောကြောင့် ကောင်းစွာ အသုံးချနိုင်သည်။
သက်ရှိ အားလုံး ကြောက်သွားနိုင်သည့် အခြေအနေမျိုးအောက်တွင် သူ၏ ထောက်လှမ်းရေး အစွမ်း လွှမ်းခြုံနိုင်သောနေရာက အဆတစ်ထောင် ပိုမို ကျယ်ပြန့်လာသည်။ ထို့ကြောင့် အတားအဆီးမရှိ သွားလာနိုင်ပြီး အန္တရာယ်များကို ရှောင်ရှားနိုင်ခဲ့သည်။
လင်းဟွမ်က အတားအဆီး အားလုံးကို ရှောင်ရှားခဲ့ခြင်း မဟုတ်ပေ။ အချိန်အများစုက အတားအဆီးများကို တတ်နိုင်သမျှ အမြန်ဆုံး ဖြတ်နိုင်ကျော်မည့် နည်းလမ်းကို ရွေးချယ်ခဲ့ခြင်းသာ။
စုန်းပန်းပွင့်ကဲ့သို့ မွန်းစတားများ၊ အချိန်တိုလေးအတွင်း ဖြတ်ကျော်ရန် ခက်ခဲသော နေရာများ၊ ခက်ခဲသော အတားအဆီးများကို ကြုံတွေ့ရမှသာ ထိုနေရာကို ဝေ့ဝိုက်၍ လမ်းရှောင်သွားရန် ဆန်းကြယ်မျောက်ဝံကို ခိုင်းလေ့ ရှိသည်။
ဆန်းကြယ် မျောက်ဝံ၏ ပခုံးပေါ်တွင် မတ်တပ်ရပ်နေသော လင်းဟွမ်က ရုတ်တရက် အော်ဟစ်လိုက်သည်။“ခပ်လှမ်းလှမ်းမှာ ပျားအုံကြီးတစ်ခု ရှိတယ်။ တိုက်ပွဲပြင်..”
“ဝေါင်း..”
ဆန်းကြယ်မျောက်ဝံက အသံပြာကြီးနှင့် ဟိန်းဟောက် လိုက်ပြီး ၎င်း သွားနေ
သောအရှိန်ကို နှေးချကာ သတိထားလိုက်သည်။
YOU ARE READING
မွန်းစတားတို့၏သုခဘုံ မြန္းစတားတို႔၏သုခဘုံ
AdventureUni & Zawgyi အပိုင်း ၁ မှ ၁၀၃၀.........