CHAPTER [ 32 ]

17.5K 1.9K 247
                                    

"ဘယ်လိုလုပ်ကြမလဲ Noah"

Andrew ရဲ့ မေးခွန်းကို မဖြေနိုင်သေးဘဲ Noah ကားကိုသာ မိုင်ကုန် မောင်းလာခဲ့၏။

ညဥ့်နက်ချိန် ဖြစ်၍လား။
ပြဿနာ မီးပွားကြောင့်လား မသိတတ်။

Gang ထဲတွင် ခြောက်ခြားစရာ ကောင်းအောင် တိတ်ဆိတ်ငြိမ်သက်လျက်။

B1 ရှေ့တွင် သူတို့ကို တမျှော်မျှော် ဖြစ်နေတဲ့ Dean က စိတ်ထဲ ယောက်ယက် ခတ်နေဟန်ရှိသည်။

"Noah...သူတို့ ငါ့ကို B9 ထဲ ပေးမဝင်ဘူး"

Dean ရဲ့ အသံက ဒေါသ​စွက်ကာ မာဆတ်နေ၏။တည်ငြိမ်အေးဆေးလွန်းသော Dean သည်ပင် ဒီလောက် စိတ်ပူနေရင် အစ်ကိုကြီးဖြစ်တဲ့ Noah ကတော့ ဆိုဖွယ်ရာ မရှိ။မှောင်ရိပ်ကျနေသည့် B9 ဖက်ကို Noah ရင်မောစွာ လှမ်းမျှော်ကြည့်လိုက်၏။အပြစ်ရှိသူတွေကို ဖမ်းချုပ်ရာ နေရာဖြစ်၍ ဘယ်သူမှ ထိုအဆောက်အဦးထဲ မရောက်ချင်ကြပါ။"အသေသတ်မှာ" ဟူသည့် Max ရဲ့ စကားကို Noah ပြန်ကြားယောင်တော့ လက်သီးတစ်ဖက်ကို ဆုပ်လိုက်မိသည်။

"ငါ သွားမယ်"

ခုချိန်မှာ သူတွေးမိတာ Asher ဘယ်လောက်ကြောက်နေမလဲဆိုတာပင်။

B9 ရှေ့ရှိ လုံခြုံရေးတွေက Noah ကို တားကြပါသည်။

"ဖယ်!"

လွယ်လွယ်နဲ့ လက်လျှော့မဲ့သူ မဟုတ်မှန်း သိကြပေမဲ့ ထွားကြိုင်းသန်မာသည့် လုံခြုံရေး နှစ်ယောက်က ကိုယ့်တာဝန်ကိုယ်ကျေစွာ Noah ကို တံခါးအနားပင် မရောက်စေရ။
အံတစ်ချက်ကြိတ်ကာ Noah ညာဖက်က တစ်ယောက်ရဲ့ဗိုက်ကို ဒူးနှင့် တိုက်ပစ်လိုက်ပြီး ကျန်တစ်ယောက်ကိုပါ တစ်ဆက်တည်း လက်သီးဖြင့် ပင့်ထိုးပစ်လိုက်မိသည်။အနေအထားပျက်သွားတဲ့ နှစ်ယောက်မှာ သူ့အား ပြန်မတိုက်ခိုက်ဘဲ ပုံမှန်လို ပြန်ရပ်ကာ သူ့လမ်းကို ပိတ်လာပြန်၏။

"ကျွန်တော်တို့ကို အခက်တွေ့အောင် မလုပ်ပါနဲ့"

"ဖယ်လို့ ငါပြောနေတယ်!"

နှစ်ယောက်လုံးရဲ့ ရင်ဘတ်ကို ဆောင့်တွန်းကာ တံခါးဆီ ဝင်တိုးလိုက်တော့ သုံးယောက်အားဖြင့် နံရံမှာ ဝုန်းခနဲ။

RAYWhere stories live. Discover now