Episode 1

1.3K 30 1
                                    

(Unicode)
.
.
.
.
.
.
.
.

လုပ်သက် 11လသာရှိနေသေးသည့်
သတင်းထောက်မိုးဇက်ယန်သည်
အားလုံးကစိတ်ဝင်စားနေကြမည့်
သတင်းတစ်ခုကိုလိုက်ရင်း ည 11နာရီခွဲမှသာ
အိမ်ကိုပြန်ရောက်လာ‌လေသည်။

အိမ်ထဲရောက်လာသည်အထိပင်
ကင်မရာလေးကလည်ပင်းတွင်
ချိတ်ဆွဲလျက်သားရှိနေဆဲဖြစ်၏။

'' Ahhh....ပင်ပန်းလိုက်တာ ''

M.Y လုပ်ငန်းစု၏ ဒုတိယမြောက်သား
လက်ထပ်ပွဲသည်တစ်နိုင်ငံလုံးရှိ
စီးပွားရေးလုပ်ငန်းရှင်အများစု၏
စိတ်ဝင်စားခြင်းကိုခံနေရသည့်
လက်ထပ်ပွဲတစ်ခုဖြစ်သည်။

ဝန်ကြီး၏သမီးဖြစ်သူကို
လက်ထပ်တာမို့ အကြွေးတွေများနေတဲ့
M.Y ဟာ ဒေဝါလီခံရခြင်းနှင့်လွတ်မြောက်
သွားမည်မှာအမှန်ဖြစ်နေသည်မို့ပင်။

'' ယန်ယန် ''

'' ဗျာ ဒယ်ဒီ ''

'' ဒီကိုလာဦး ''

'' ဒယ်ဒီ အခုထိမအိပ်သေးဘူးလား ''

'' ငါ့အတွက်လည်းတစ်ခွက်ယူခဲ့ ''

မွန်းဇက်ယန် ဖန်ပြလင်းထဲမှ
orange juice လေးတွေကို ဖန်ခွက်လေး
နှစ်ခွက်ထဲသို့ပြောင်းထည့်ကာ
သူ့ဒယ်ဒီရှိရာသို့လှမ်းလာလိုက်သည်။

'' ထိုင်ဦး ''

'' ဟုတ်ကဲ့ ''

'' ငါပြောနေကျစကားကဘာလဲ ''

'' Public မှာဆိုဘာကြောင့်နဲ့မှ
ကျွန်တော့ခန္ဓာကိုယ်မှာသွေးမထွက်ရဘူး
ဘယ်သူ့ကိုမှလည်းသွေးထွက်အောင်
လုပ်လို့မဖြစ်ဘူးကျွန်တော့်ရဲ့သရုပ်မှန်ကို
ဘယ်သူမှသိသွားလို့မဖြစ်ဘူး ''

ဘာကြောင့်ရုတ်တရက် ဒီမေးခွန်းကို
မေးလာသလဲမသိပေမယ့် ဤမေးခွန်းကို
ကြားသည်နှင့်အကျင့်ပါနေသည့်ယန်ယန့်
နူတ်ခမ်းတွေက ဒယ်ဒီကို အဖြေပေးပြီး
သားပင်။
ဒယ်ဒီ အမိန့်ဆိုလျှင်နာခံရမည်က
ယန်ယန့်ရဲ့တာဝန်ပေပဲမလား။

'' အင်း..ပြောနေကျစကားကိုပဲ
ထပ်ပြောမယ်မင်းရဲ့သရုပ်မှန်ကို
ဒီ Villaကလွဲပြီး ဘယ်မှာမှမထုတ်မိစေနဲ့
စိတ်ဓာတ်ပျော့ညံ့ပြီး အားနည်းတဲ့သာမန်
လူတစ်ယောက်‌ပဲလိုနေရမယ် ''

The Operation of C.H.A.N.D.R.A ( Chapter 1 )Where stories live. Discover now