Episode 2

722 28 0
                                    

( Unicode )
.
.
.
.
.
.
.
.

MooN ဂိုဏ်း၏ indoor shooting range

Bang💥 Bang💥

'' ...nice shoot ''

ချွေးစတွေနှင့် သေနတ်ပစ်လေ့ကျင့်နေ
သည့်သူ၏‌ခေါင်းဆောင်အားသတင်း
တစ်ခုပြောရမည်ကို နောက်ကနေချိတုံ
ချိတုံဖြစ်နေရသူက ခေါင်းဆောင်ဖြစ်သူ
ရဲ့အတွင်း‌ရေးမှူးဖြစ်တဲ့စေလှိုင်း ခေါ်
Say ပင်။

~တကယ်ကို ကြောက်မိတယ်။
ဒါပေမယ့်လည်း အပြစ်လုပ်သူကငါမှ
မဟုတ်ပဲလေ ပြောရမှာပေါ့။~

အဟမ်း...

'' ခေါင်းဆောင်...ကျွန်တော့်ကိုခေါ်တယ်
ဆိုလို့ ''

'' အင်း...ကလေးတွေကိုယန်ယန်နောက်
လိုက်ခိုင်းထားတယ်မလား ဒီနေ့သူ
ဘာတွေလုပ်နေလဲ ''

'' ခေါင်းဆောင်....အဲ့ဒါက ''

'' ရတယ်...ပြောသာပြော ''

'' ဒီနေ့ မွန်းဇက်ယန် ကုမ္ပဏီကနေဘယ်ကိုမှ
မသွားခဲ့ပါဘူး..ဒါပေမယ့်...အရင်ဆုံး
ဒီသတင်းနှစ်ခုကိုအရင်ကြည့်လိုက်ပါ ''
.

RYI News ×××××××××××××××××××××

QXC News ×××××××××××××××××××××

'' အဲ့ဒီတော့..Say...မင်းပြောချင်တာက
ဒီသတင်းနှစ်ခုရဲ့ပိုင်ရှင်ကတစ်ယောက်
တည်းလို့ဆိုလိုချင်တာမလား ''

'' အာ....မသေချာပါဘူး ''

'' ဒါဆို...ဒီသတင်းတွေရဲ့ပိုင်ရှင်က
ယန်ယန်လား ''

'' အာ...အဲ့ဒါက...ကျွန်တော်လည်းခန့်မှန်းရုံ
ပါသေချာတာတော့မဟုတ်လောက်...ပါဘူး ''

'' တောက်....''

အဆောက်အဆုံကြီးထဲ MooN ရဲ့ပဲ့ကိုင်ရှင်
Tri၏ တောက်ခေါက်သံအကျယ်ကြီးက
လွှမ်းလို့သွားသည်မို့အနီးအနားရှိ လေ့ကျင့်သူတွေဟာ ဆက်ပြီးလေ့ကျင့်ဖို့မရဲဘဲ နေရာမှ
ထသွားကြကုန်သည်။

သူတို့ရဲ့ခေါင်းဆောင်က စိတ်တိုခဲပေမယ့်
စိတ်တိုတဲ့အခါဆိုရင်တော့ သိပ်ကြောက်ဖို့
ကောင်းသည်မလား။

'' ဆက်ပြီး သူ့ကိုစောင့်ကြည့်ထား
သွားလို့ရပြီ''

'' ဟုတ်ကဲ့ ခေါင်းဆောင် ''

The Operation of C.H.A.N.D.R.A ( Chapter 1 )Where stories live. Discover now