Episode 5

407 17 0
                                    

Unicode
.
.
.

မနေ့ညက....

မီကိုလ်း၏ဓာတ်ခွဲခန်းထဲတွင်လည်း
တဖက်အခန်းဆီမှလှုပ်ရှားမှုတွေကို
စပ်စုဖို့ရာတွေးနေကြပေမယ့် ရုတ်တရက်
ဆိုသလို ဖန်သားပြင်အားလုံးကပိတ်ကျ
သွားသည်မို့ မီကိုးလ်တို့နှစ်ယောက်သား
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ စိတ်လျှော့လိုက်ကြရတော့သည်။

“ ဘေဘီ...ကိုယ်တို့လည်း ''

“ တော်တော့...ပါးစပ်ပိတ် ခင်ဗျားအပြင်သွားပြီး
တစ်ခြားယောက်ျားတွေနဲ့နမ်းနေသေးသရွေ့
တစ်ပတ်ကိုတစ်ရက်ပဲလို့ပြောထားပြီးသား ''

“ ဟာ...ကိုယ်ကအလုပ်သဘောအရလေကွာ ''

“မလိုချင်ဘူး...မိန်းမလိုတွေဝတ်တာက
ထားတော့ခင်ဗျားကဘယ်လိုတွေ
မြူဆွယ်နေလို့တခြားယောက်ျားတွေက ''

“ဟေး...ဘေဘီ..တော်တော့ ကိုယ်သဘောပေါက်
ပြီဒီညမယူတော့ဘူးလေအဲ့ဒါကြောင့်နဲ့တော့
ကိုယ်တို့စကားမများကြရအောင်နော် ''

“  ..... ''

လှိုင်း အောက်နူတ်ခမ်းကိုက်ကာပဲ
ဒေါသတွေကိုဖြေလျှော့လိုက်ရတယ်။

ဒီလူကြီးကအဲ့လိုကြီးပဲ...ပြဿနာကို
ဖြေရှင်းဖို့မတွေးဘူး ရှောင်ပြေးတတ်တာ
များတယ်။

တည်ငြိမ်ပြီးအချစ်တွေကိုတကူးတက
ဖော်မပြလည်း သူ့ကိုချစ်နေတာကို
ခံစားမိပါတယ်ဆိုပြး ဘာပြဿနာမှ
မရှာတတ်တဲ့လှိုင်းရဲ့ပုံစံကိုသဘောကျပါ
တယ်နှင့်သူလုပ်နေပုံတွေကဟုတ်မှ
မဟုတ်တော့ဘဲနဲ့ အခုတလောမှခံစားချက်
တွေကိုထုတ်ကာသဝန်တိုပြတဲ့လူကို သဘောထားသေးသိမ်သယောင်
အကြည့်တွေနဲ့ကြည့်ပြီး ဖောရှော
လုပ်ပစ်သည်။

ဒီနေ့လည်း ခါတိုင်းလိုပါပဲ အိပ်ယာထဲ
အတင်းဆွဲခေါ်ပြီးတစ်ယောက်နဲ့
တစ်ယောက်ဖက်အိပ်မယ် မနက်ရောက်ရင်
မိန်းမအဝတ်တွေဝတ်ပြီး သူ့ရဲ့သတင်းနှိုက်
သည့်အလုပ်နေရာဖြစ်သော ကာစီနိုတွေ
သွားမယ်လောင်းကစားလုပ်မယ်
အချိန်တန်လို့ပြန်ရောက်လာရင် လှိုင်း ကို
ပူးပူးကပ်ကပ်နှင့်ချော့ပြန်ဦးမယ်။

The Operation of C.H.A.N.D.R.A ( Chapter 1 )Où les histoires vivent. Découvrez maintenant