Episode 15

317 8 0
                                    

Unicode
.
.
.
.
.
.

'' မိနစ်အနည်းငယ်ပဲလိုတော့ပေမယ့်
မစောင့်နိုင်တော့ဘူး Happy Birthday
ကိုယ့်ရဲ့ကလေးလေး ''

December 31 ဆိုတာ ယန်ယန်ကိုယ်တိုင်
သတ်မှတ်ထားတဲ့ ယန်ယန့်ရဲ့မွေးနေ့။

ဒါဆို ယန်ယန့်ရဲ့မွေးနေ့အစစ်အမှန်ကကော။

သေချာပေါက် ယန်ယန်မမှတ်မိတော့ဘူးပေါ့။
အဲ့ဒီလို‌ရက်စွဲတွေကအရေးမှမပါတဲ့
သတ်မှတ်ချက်တစ်ခုသက်သက်ပဲလေ။

တစ်နှစ်ပြောင်းသွားရင်တစ်နှစ်အသက်
ကြီးတာပဲပေါ့ သိပ်ပြီးထူးခြားသွားတာ
မှမရှိဘဲ။

'' ဒယ်ဒီ ''

'' အွန် ''

'' ဒယ်ဒီမသိချင်ဘူးလား အခုတလော
ကျွန်တော်ဒယ်ဒီ့်ကိုကပ်နေရတဲ့
အကြောင်းအရင်း''

'' ဘာများလဲ ''

'' တကယ်သိချင်လား ''

လူကိုသိချင်စိတ်များလာအောင်
စကားနှင့်ဆွဲဆောင်နေသော ယန်ယန့်ရဲ့
နှာခေါင်းထိပ်လေးကိုဆွဲမညှစ်ဘဲမနေနိုင်
တော့ပေ။

'' ပြော...အရမ်းကိုသိချင်တယ် ''

'' တကယ်တော့....ဒယ်ဒီနဲ့မတွေ့ခင်
အချိန်တုန်းကအကြောင်းတွေ အိပ်မက်
မက်နေလို့ ''

'' ယန်ယန်...အဲ့ဒီအကြောင်းတွေဒီနှစ်တွေ
အတွင်းတစ်ခွန်းမှမဟတော့ ကိုယ်မင်း
မေ့နေပြီတောင်ထင်နေတာ ''

'' သေချာပေါက်မေ့ထားခဲ့တာပေါ့
ဒါပေမယ့်အခုတလောမှ အဲ့ဒီတုန်းက
အကြောင်းတွေပဲအိပ်မက်မိနေတယ် ''

ရွှတ်...

ဒယ်ဒိီ့နဖူးလေးအားနမ်းရှိုက်ရင်း
မလိမ်ညာတမ်းဖြေမိသည်။
ငါးရက်အတွင်းဆွေ့ဆွေ့ခုန်သတိရနေခဲ့တဲ့
အကြောင်းပြချက်က အဲ့ဒီအိပ်မက်တွေ
ကြောင့်ပါပဲ။

ဒယ်ဒီနှင့်မတွေ့ခင်အချိန်တွေတုန်းက
လက်တွေဖူးယောင်လာသည်အထိ
ဆေးထိုးအပ်အကြီးကြီးတွေနဲ့နေ့တိုင်း
အထိုးခံနေခဲ့ရသည်။
ကလေးတစ်ယောက်ဖြစ်တာမို့
ထိုဆေးထိုးအပ်တွေအသားထဲ၀င်ရောက်
လာတိုင်း ကြောက်စရာသတ္တဝါကြီး
လက်ကိုကိုဖြတ်နေတယ်လို့ထင်ခဲ့တာ
ဖြစ်၏။
ထိုကဲ့သို့သောဟိုးအရင်တုန်းကဖြစ်ခဲ့တဲ့
ကြောက်စရာဖြစ်ရပ်တွေကအိပ်မက်ဆိုး
အဖြစ်တည်ရှိလာတာတောင် လူက
သေမတတ်ကြောက်ရွံ့နေဆဲ
သွေးကြောတွေကနာကျင်နေဆဲ။

The Operation of C.H.A.N.D.R.A ( Chapter 1 )Where stories live. Discover now