Episode 12

285 8 0
                                    

Unicode
.
.
.
.
.

ကားစုတ်တွေရဲ့ပိုင်ရှင်နှင့် ပြဿနာကို
တစ်ပတ်ဆိုသောအချိန်ကြာသွားတော့
ယန်ယန်ကောသူ့၏ဒယ်ဒီပါမေ့မေ့
ပျောက်ပျောက်ဖြစ်သွားကြပြီဖြစ်၏။

နေ့စွဲတွေ အချိန်တွေဟာ ဒီလိုပါပဲ
အရမ်းအကုန်မြန်တယ်။

လူတွေလည်းအတော်လေးပြောင်းလဲ
သွားကြသည်။
အထူးသဖြင့် အရမ်းနားလည်မှုရှိကြတဲ့
မီကိုးလ်နှင့်အစ်ကိုစေလှိုင်းပင်။

သူတို့နှစ်ယောက်ကြားက ပြဿနာ
အကြောင်းအရင်းကိုမေးတိုင်း နှစ်ယောက်
သားကဘာမှမဖြေ မကြားချင်ယောင်
ဆောင်လိုက်၊စကားလမ်းကြောင်းလွှဲလိပ်
ဖြစ်သည်။

အစ်ကိုစေလှိုင်းကတော့ အချိန်တန်ရင်လည်း
ဒီလိုပဲဆုံးဖြတ်ကြမှာမို့လို့ နည်းနည်းလေး
စောပြီးလမ်းခွဲလိုက်တာတဲ့လေ။
သူတို့နှစ်ယောက်အားညှိပေးချင်ပေမယ့်
အဓိကအကြောင်းအရင်းကိုပြောမှမပြော
ကြတော့ ဘယ်လိုညှိပေးရမတဲ့လဲ။

အခုတော့ ကံကောင်းစွာနဲ့ အစ်ကိုလှိုင်းက
ဌာနချူပ်မှာ ဒယ်ဒီ့အစားလုပ်ငန်းတွေ
တာဝန်ယူဖြစ်နေတာဆယ်ရက်လောက်ရှိပြီ
ဖြစ်ပြီး ကံဆိုးနေတဲ့ မီကိုးလ်ကတော့
အရင်ကလောက်တက်ကြွမှုမရှိတော့တဲ့
အပြင် မြေအောက်ကသူ့ရဲ့ဓာတ်ခွဲခန်းထဲ
မှာပဲ အချိန်ကုန်၏။

ယန်ယန်ကိုယ်တိုင်လည်း ပြဿနာမရှာဘဲ
ငြိမ်နေပါတယ်။

အခုတလော ကုမ္ပဏီက ယန်ယန့်ကိုအခြား
သတင်းတစ်ခုကိုတာဝန်ယူခိုင်းနေတာမို့
အလုပ်တွေကအရမ်းများသည်။

ရုပ်ရှင်မင်းသားတွေရှိသည့် ရိုက်ကူရေး
နေရာအချို့ဆိုလျှင် ယန်ယန်မှာပိုလို့သတိရှိ
ရှိနေရသည်။
လူရှုပ်ပြီး စိတ်ရှုပ်စရာကောင်းတာတွေ
သိပ်များသလို ကင်မရာတွေကနေရာတိုင်း
လိုလိုရှိနေသည်။

'' အစ်ကိုကြီး....ကျွန်တော့်ကိုခေါ်ထားပြီး
ဘာလို့ကော်ဖီကိုပဲစိုက်ကြည့်နေတာလဲ
ကျွန်တော်ကနိုင်ငံတော်သမ္မတထက်
အချိန်ဇယားပိုပြည့်တယ်ဆိုတာကို
မသိတာလား ''

'' ဟင်....ယွန်းဇံ...ဆောရီး...ငါ နည်းနည်း
အတွေးလွန်သွားလို့ ''

'' ဒီလူရဲ့အခုလက်ရှိတည်နေရာကိုပါရှာပေး
ရဦးမလား ''

The Operation of C.H.A.N.D.R.A ( Chapter 1 )Where stories live. Discover now