Unicode
.
.
.'' လွန်ခဲ့တဲ့ 15နှစ်တုန်းက ရရှားစစ်တပ်ရဲ့
တရားမ၀င်လက်နက်အဆောက်အအုံ
တစ်ခုဗုံးပေါက်ကွဲမှုတစ်ခုအကြောင်းကို
ပြောလာတယ် '''' ဘာ ''
ကျောပေးထားတဲ့ ဒယ်ဒီက အလန့်တကြား
ဖြင့်မျက်နှာချင်းဆိုင်အနေအထားကို
လှည့်လာသည်။နောက်တော့ ယန်ယန့်ရဲ့မျက်လုံးတွေကို
စိုက်ကြည့်ရင်းမနေနိုင်တော့စွာ လှဲနေရမှ
ထကာ ယန်ယန့်ရဲ့ ခပ်တုတ်တုတ်လက်ချောင်း
ရှည်တွေကိုဆုပ်ကိုင်လာပြန်သည်။
ဘာမှမပြောရသေးခင်မှာတောင် ဒယ်ဒီ့
အမူအရာကဒီလောက်ထိပျက်ယွင်းလာ
တယ်လား။'' ကလေး...ခုနက ဘာအဆောက်အုံလို့
ပြောလိုက်တာ'''' ထူးဆန်းတယ်မဟုတ်လား....အဲ့ဒီရဲက
ကျွန်တော့်ကိုလူမှားပြီးအချက်အလက်တွေ
ပေးနေတာလေ သူပေးတဲ့ data တွေနဲ့ ရက်စွဲ
တွေအားလုံးကို ခြုံငုံကြည့်လိုက်တော့
ကျွန်တော်ထွက်ပြေးလာတဲ့ဓာတ်ခွဲခန်းနဲ့
10 km ပဲဝေးတယ်တဲ့ '''' ...... ''
'' ထပ်ပြီးထူးဆန်းတာက ဓာတ်ခွဲခန်းကနေ
ကျွန်တော်ထွက်ပြေးလာတဲ့နေ့နဲ့ အဲ့ဒီ
အဆောက်အအုံပေါက်ကွဲတဲ့နေ့က
တစ်ရက်တည်း တစ်ချိန်တည်းဖြစ်နေတာ
အဲ့ဒီတော့လေ ရဲမှူးအိုကြီးပြောတာက
အဲ့ဒီနှစ်ခုကဆက်စပ်မှုရှိနေတယ်တဲ့လေ''စိတ်လှုပ်ရှားနေတဲ့ ဒယ်ဒီ့အမူအရာကို
မသိချင်ယောင်ဆောင်ရင်း ယန်ယန်
ဆက်ပြောလေသည်။ဒီတစ်ခုပဲအတည်ပြုပြီးရင် ရှေ့ဆက်ပြီး
ဘာလုပ်ရမယ်ဆိုတဲ့အရာကို ဆုံးဖြတ်ချက်
ချလို့ရပြီလေ။'' ဒယ်ဒီပြောကြည့် အဲ့ဒီနှစ်ခုကတကယ်ပဲ
ဆက်စပ်နေတယ်ဆိုရင် ဆက်စပ်နေရတဲ့
အဓိကအကြောင်းအရင်းက ဘာဖြစ်မလဲ '''' ယန်ယန် အဲ့ဒီသတင်းကိုဆက်မလိုက်
လို့မရဘူးလား '''' ဘာလို့လဲ ''
* အဲ့ဒီ ပရောဂျက်ရဲ့နောက်ကွယ်မှာ
ဒယ်ဒီကောပါနေလို့လား *အဲ့ဒီနေ့ကအဲ့ဒီနေရာမှာ ဒယ်ဒီလည်း
ရှိနေခဲ့လို့ကျွန်တော်နဲ့တွေ့ခဲ့လေ။
YOU ARE READING
The Operation of C.H.A.N.D.R.A ( Chapter 1 )
Science Fictionရေးသားထားသောအကြောင်းအရာများသည် စိတ်ကူးယဉ်သက်သက်သာဖြစ်၍အချက်အလက် အမှားများပါခဲ့လျှင်ကြိုတင်၍တောင်းပန်ပါသည်။ Mafia type Action-Romance-Science #Ongoing #every Monday