အပိုင်း (1.1)

2.5K 242 9
                                    

(1.1) ယုန်လေး က တောင်ပေါ်ကနေ ဆင်းလာတယ်

သူ့ရှေ့ က ရှည်လျားတဲ့ အဆောက်အအုံ ကြီးကို မြင်လိုက် ရတဲ့ အခါ နန်ဟွေး က စိတ်ရှုပ်ထွေး သွားလေတယ်။

သူက အခုမှ တောင်ပေါ် ကနေ ဆင်းလာတာ ဖြစ်ပြီးတော့ တစ်လမ်းလုံး ဒယီးဒယိုင်နဲ့ ဆင်းလာ ခဲ့ရတာ ပဲ ဖြစ်လေတယ်။ နောက်ဆုံးတော့ သူ က မြို့ပေါ် ကို ရောက်လာ ပြီးတော့ မြေခွေးလေး အလုပ်လုပ် နေတဲ့ နေရာကို ရှာတွေ့ ခဲ့ပေမယ့် လုံခြုံးရေး အစောင့်တွေက သူ့ကို မောင်းထုတ် ခဲ့တယ်လေ။

အရှေ့ခုံမှာ ရှိနေတဲ့ လူသား က သူ့ကို ID ကဒ်ဆိုတဲ့ ဟာ ကို ပြခိုင်း ခဲ့တယ်လေ။ ကြည့်ရတာ ကတော့ ID ကဒ် ဆိုတာက သတင်းအချက်အလက် အမျိုးအစား ခွဲခြား ပြတဲ့ ဟာ ဖြစ်လောက်တယ်။ ဒါပေမယ့် သူက အခု လက်ဗလာနဲ့ လာခဲ့တာ ဖြစ်ပြီးတော့ မြေခွေးလေးနဲ့ လာပြီး ပူးပေါင်းတာ လေ။

မြေခွေးလေး ကိုသာ ဒီနေ့ သူ ရှာမတွေ့ ရရင် တော့ သူတော့ လမ်းပေါ်မှာ ပဲ အိပ်ရ တော့မှာ ပဲ ဖြစ်လေတယ်။

နန်ဟွေး က အံကို ကြိတ်လိုက် ပြီးတော့ လူမရှိတဲ့ ထောင့်တစ်နေရာကို ရှာကာ မန္တန် တစ်ခု သုံးလိုက် ပြီးတော့ နံရံကို ဖောက်ကာ ဝင်သွား လေတယ်။

ကံကောင်းစွာနဲ့ သူက ရုတ်တရက်ကြီး လေထဲ မှာ ပျောက်သွားတာကို ဘယ်သူ ကမှ သတိမထားခဲ့ ကြပါပေ။

နန်ဟွေး က စိတ်သက်သာရာ ရစွာ နဲ့ သက်ပြင်းချ လိုက်ပြီးတော့ ဘေးပတ်ပတ်လည် ကို ကြည့်လိုက် လေတယ်။ သူက အရှေ့စားပွဲနဲ့ သေချာတဲ့ အကွာအဝေး တစ်ခုကို တော့ ရောက်သင့် လောက်ပါပြီ။

အနည်းဆုံးတော့ ဒီထောင့် အနေအထားမှာဆို သူက ဝင်ပေါက် ကိုတော့ မမြင်ရတော့ ပါဘူးလေ။ ဒါပေမယ့် နန်ဟွေးက သတိ မထားမိပဲ အပေါ်တစ်ထပ်ဆီ ရောက်သွားတာ ပဲ ဖြစ်လေတယ်။ သူက အခုလေးတင် တိတ်တိတ် လေးနဲ့ စစ်ဆေး နေခဲ့ ပြီးတော့ ထို ပထမ ထပ် နေရာမှာ ဘယ်သူမှ မရှိ ကြပါပေ။

သူက ဒီနေရာကနေ တက်သွား ပြီးတော့ မြေခွေးလေး ကို သွားရှာ ရမှာပဲ ဖြစ်လေတယ်။ 

ကံကောင်းစွာ နဲ့ပဲ နန်ဟွေး က မကြာခင်မှာ ထောင့်နားလေး ကနေ လမ်းလျောက် လာတဲ့ ​ခြေသံတွေကို ကြားလိုက်ရ လေတယ်။

ယုန်လေး က သားပေါက်လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး [BL] Where stories live. Discover now