အပိုင်း (10.1)

497 68 0
                                    

(10. 1) ရူးသွပ်မှု

အိမ်သာ အတွဲခန်း ဟာ အစတုံး ကတော့ ကျယ် တယ်လို့ ထင်နေ ပြီးတော့ အခုချိန်မှာတော့ သူက လုံးဝ ကို ကျဥ်းကျပ် နေတယ် လို့ ခံစား နေရ လေတယ်။

နန်ဟွေး တစ်ယောက် နောက်ပြန် ဆုတ်စရာ လမ်း မရှိတော့ ပါပေ။ သူ့ရဲ့ ကျောပြင် က နောက်က နံရံနဲ့ တောင် ထိကပ် နေပြီ ပဲ ဖြစ်လေတယ်။

''ခများဘာလို့ ချင်လို့လဲ? ''

နန်ဟွေး က သူ့ရဲ့ နောက်ကျော ကို နောက်ကို လက်အား တိတ်တဆိတ် ဖွက်ထား လေတယ်။ ပြီးတော့ သူ့ရဲ့ စိတ်ဝိဉာဥ် စွမ်းအား တွေကို တိတ်တိတ် လေးစုစည်းရင်း သူ့ရှေ့က  ထိုလူ ရဲ့ အာရုံကို သတိလက်လွတ် ဖြစ်အောင် လုပ်နေ ခဲ့လေတယ်။

''သူငယ်ချင်း သေးသေးလေးရယ် မင်း နာနာခံခံ ပဲ နေစမ်းပါ။ ပြီးတော့ တစ်ခြား ကိစ္စ အကြောင်း တွေကို  လည်း အများကြီးသိပ်  မမေးနဲ့ ''

ယန်ဖန် က သူ့ကို ထိဖို့ လက်ကို ဆန့်ထုတ် လိုက်တဲ့ အခါ နန်ဟွေး ရဲ့ စိတ်ဝိဉာဥ်စွမ်းအား တွေ စုစည်း ထားတဲ့ အလငိးလုံးလေး က ' ဝှစ်' ဆိုပြီး ​ပြေးထွက် လာလေတယ်။

သူက တစ်ဖက် လူကို ဦးအောင် ရိုက်နိုင် သရွေ့ ကတော့ နောက်ပိုင်း သူထွက်ပြေးဖို့ အခွင့်အရေး ရမှာပါ။ အဲ့အခါ ကျရင် သူတော့ အဆင်ပြေ ပြီလေ။

ဒါက နန်ဟွေး ရဲ့ မူရင်း အစီအစဥ် ပဲ ဖြစ်လေတယ်။

ဒါပေမယ့်တစ်ဖက် က လူက သူ့ရဲ့ စွမ်းအင် လုံးကို လက်ဖဝါးပေါ် တင်ကာ သူ့ရဲ့ ကိုယ် အစိတ်အပိုင်း တစ်ခုလို ပြုမူ ပြီးတော့ အဲ့တာ ကို အထင်သေးစွာ ကြည့်နေတာ ကို မြင်လိုက် ရတော့ နန်ဟွေး ရဲ့ မျက်ဝန်း တွေက ပြူးကျယ် သွားတော့ လေတယ်။

ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ?

ထို တစ်ခဏအတွင်း မှာပဲ နန်ဟွေး က ပြန်တုံ့ပြန် ခဲ့လေတယ်။

တစ်ဖက် လူ က လည်း လူသား အစစ် တစ်ယောက် ဟုတ်မနေ ဘူးပဲ!

အကျပ်အတည်း ကြုံရတဲ့ ခံစားချက် ကြီး က သူ့ရဲ့ ခြေထောက်ကနေ တစ်ဆင့် ကိုယ်ပေါ်ကို ချက်ချင်း စိမ့်တက် လာခဲ့ လေတယ်။

ယုန်လေး က သားပေါက်လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး [BL] Where stories live. Discover now