အပိုင်း (3.2)

810 137 1
                                    

(3.2) သားပေါက်လေး

နန်ဟွေး က အနည်းငယ် စိတ်သက်သာ ရာ ရသွား တော့လေတယ်။ နန်ဟွေး က ကလေး မွေးရမှာ ကို ကြောက်တာ မျိုးတွေ မရှိပါပေ။ ဒါပေမယ့် ရုတ်တရက်ကြီး ကလေး က ရောက်လာ ရင်တော့ သူက ချက်ချင်း ကြီး လက်မခံ နိုင်မှာ ကတော့ အမှန် ပဲ ဖြစ်လေတယ်။

သူတို့လို သားရဲ အငယ် ထဲ က မျိုးနွယ်တွေ အတွက် ကတော့ အဖေ ရှိခြင်း မရှိခြင်း  က သိပ်ပြီးတော့ အရေး ပါတာမျိုး မဟုတ်ပေ။ မိဘ နှစ်ယောက် လုံး အတူတူ နေ ပြီး ကလေးတွေ ကို ပျိုးထောင် တဲ့ တစ်ချို့ အုပ်စု တွေ ရှိပေမယ့် လို့ များသော အားဖြင့် အထီး တွေက သူတို့ဆီ သုတ်ပိုး ပေးရုံ ကလွဲလို့ ဘာမှ တာဝန် မယူ ကြတာ ဖြစ်လေတယ်။

နန်ဟွေး နဲ့ ဝမ်ဟန် တို့လို မျိုးပေါ့။ သူတို့ရဲ့ အမေ တွေက အချင်းချင်း သိကြ လို့သာ သူတို့ နှစ်ယောက် က ငယ်စဥ် ကတည်း က သူငယ်ချင်း တွေ ဖြစ်လာ ကြတာ လေ။ ပြီးတော့ သူတို့ရဲ့ အဖေ တွေက ဘယ်လို ပုံစံ ရှိတယ် ဆိုတာ ကို တစ်ယောက် မှ မသိကြ ပါပေ။

ဒါပေမယ့် အခုတော့ နန်ဟွေး က လူသား ပုံစံ ဖြစ်အောင် ပြောင်းလဲ ပြီးပြီလေ။ ပြီးတော့ လူသား တစ်ယောက် ဖြစ်လာ ပြီ ဆိုတာနဲ့ ဒီလို ကိစ္စမျိုး တွေ ဆိုတာ က လွယ်ကူ ရိုးရှင်း နေမှာတော့ မဟုတ် ဘူးလေ။

ပထမဆုံး အနေနဲ့ သူမွေးလာ မယ့် ကလေးလေး က ယုန်လေး လား ဒါမှမဟုတ် တစ်ခုခုလေး လား ဆိုတာ ကို သူမသိ ​ဘူးလေ။ ပြီးတော့ ဒုတိယ အချက် အနေနဲ့ မွေးလာတဲ့ ကလေး က မိဘ နှစ်ပါးလုံး မပြည့်စုံ တဲ့ အတွက်ကြောင့် မလို့ တစ်ခုခု ချို့ယွင်း မလား ဆိုတာ ကိုလည်း သူမသိ ပါပေ။

နန်ဟွေး က ထို ကိစ္စ အကြောင်း ကို တွေးနေ ရင်း နဲ့ သူ့ ခေါင်းသေးသေး လေး ခမျာ နာကျင် လာရ တော့ လေတယ်။ သူနဲ့ မြေခွေးလေး တို့က အဲ့ကိစ္စပိုင်း မှာလည်း အသိပညာ သိပ်ပြီး မကြွယ်ဝ သလို သူတို့ရဲ့ အမေ တွေ ကလည်း အဲ့တာ နဲ့ ပတ်သတ်ပြီး တော့ ဘာကိုမှ မသင်ပေး ခဲ့ဘူးလေ။

ဒါပေမယ့် အခုတော့ သူတို့က တကယ်ကိုပဲ ပြဿနာ ကြီး တစ်ရပ်နဲ့ ကြုံတွေ့ လာရ ပြီပဲ ဖြစ်တယ်။

ယုန်လေး က သားပေါက်လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး [BL] Where stories live. Discover now