အပိုင်း (9.1)

475 66 0
                                    

(9.1) ရှင်ဘုရင် ယုကျိုး

ညစာ စားပွဲက မနက်ဖြန် နေ့လည် ၁ နာရီ မှာ စတင်မှာ ပဲဖြစ်တယ် လို့ ဝမ်ဟန် က ပြောခဲ့ တယ်လေ။

အစား အသောက် ကောင်းတွေ အများကြီး သွားစား ရမှာ အရမ်း ကို စိတ်လှုပ်ရှားနေတဲ့ အတွက် ကြောင့် နန်ဟွေး ခမျာ ထိုနေ့ ည တစ်ည လုံး ဟိုဘက် လှည့်လိုက် ဒီဘက် လှည့်လိုက် နဲ့ လုံးဝ မှကို အိတ် မပျော် ပါပေ ။ ဒါ ပေမယ့် နောက်တစ် နေ့ မနက် သူ အစောလေး နိုးလာ တဲ့ အခါ လုံးဝ မှ ကို အိပ်ငိုက် ခြင်း အလျင်း မရှိပဲနဲ့ အားအင် အပြည့် ဖြင့် တက်ကြွ လန်းဆန်း လျက် ရှိလေတယ်။

ပိုပြီးတော့ လုံခြုံ စေဖို့ ရာ အတွက် ဝမ်ဟန် က နန်ဟွေး ဝတ်ဖို့ ရင်ဘတ်မှာ ရွှေရောင် ယုန်ပုံလေး ပန်းထိုး ထားတဲ့ အဖြူရောင် ဟူဒီ တစ်ထည် ကိုတောင် ဝယ်ပေး ထား လေတယ်။

သူတို့ နှစ်ယောက် လုံး က နေ့လည်ခင်း ကြရင် မိတ်ဆုံစား ပွဲ မှာ အဝ စားမယ် လို့ ကြိုတင် တွေးတော ထားကြတဲ့ အတွက်ကြောင့် မနက်စာကို ရိုးရိုး ရှင်းရှင်း နဲ့သာ စားလိုက် တော့ ​လေတယ်။ ပြီးတော့ မိတ်ဆုံစား ပွဲကို တက်ဖို့ ပြင်ကြ လေတယ်။

သူတို့ လည်း ဟော်တည် ရဲ့ ပထမထပ် ဧည့်ကြို ဟောခန်း ရှေ့ကို ရောက်တဲ့ အချိန်မှာတော့ တစ်ယောက် ပြီး တစ်ယောက် က အထဲ ကို ဝင်သွား နေတာကို တွေ့လိုက်ရလေတယ်။ တစ်ချို့ဆို အစောက တည်း က အထဲကို ရောက်နှင့် နေကြ ပြီးဖြစ် လေတယ်။

နန်ဟွေး က ဝမ်ဟန် ရဲ့ နောက်ကနေ ပြီးတော့ လိုက်ဝင် လာကာ ဘေးပတ်ဝန်းကျင် ကိုစပ်စု လိုစွာ နဲ့ ပတ်ကြည့် နေလေတယ် ။

အဆုံးမှာတော့ ဒါက ဟော်တည် ထဲကို အဓိက အပေါက်ဝ ကနေ ပြီးတော့ ဝင်ရတာ သူ့အတွက် ပထမဆုံး အကြိမ် ပဲလေ ။

အစကတော့ နန်ဟွေး တစ်ယောက် သူ့ကို တံခါး ဝမှာ စောင့်ကြပ်နေ ကြတဲ့ လုံခြုံရေး အစောင့်တွေ က မှတ်မိ သွားမှာ ကိုစိတ်ပူ နေခဲ့ လေတယ်။ ဒါပေမယ့် သူ့ရဲ့ အတွေး တွေကို ဝမ်ဟန်အား ပြောပြ လိုက်ချိန် မှာတော့ တစ်ဖက် လူက အရမ်း ​ကို ရယ်မော လာခဲ့တယ်လေ။

'' နေ့တိုင်း ဟော်တည် ကို လူ ဘယ်နှစ်ယောက် လောက် ဝင်ထွက် နေတာလဲ ဆိုတာ မင်း သိရဲ့လား။ သူတို့ တွေက အကုန်လုံးကို မှတ်မိ နိုင်မယ် လို့များ မင်းထင် နေသလားဟ။ အရမ်း ကြီး လည်း မစိုးရိမ် နေပါနဲ့ ၊ မင်း ကို သူတို့မှတ်မိ ဖို့ ဆိုတာ ကမဖြစ် နိုင်ဘူးရယ်''

ယုန်လေး က သားပေါက်လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး [BL] Where stories live. Discover now