အပိုင်း (4.3)

733 119 6
                                    

(4.3) ယုန်လေး က အဝေးကို ပြေးထွက် သွားတယ်။

နန်ဟွေး က အခုချိန်မှာလည်း ထ ပြီးတော့ ထိုင်လိုက်ရော အင်္ကျီ က အောက်ကို လျောကျ သွားကာ သူ့ရဲ့ ညှပ်ရိုးပေါ်က အမဲနက်ရောင် မာကင် ရာတွေကို မြင်တွေ့ လိုက်ရ တော့လေတယ်။

ဝမ်ဟန် ကလည်း အနီးနားမှာ ရှိနေတဲ့ အတွက်ကြောင့် အဲ့တာတွေကို ရှင်းရှင်း လင်းလင်း ပဲ မြင်လိုက် ရတော့ လေတယ်။ ချက်ချင်း ပဲ သူ့မျ​က်နှာ ပေါ်မှာ ရှက်သွေး ဖြန်းသွား တော့လေတယ်။

ထိုအချိန်မှသာ သူ့ရဲ့ သူငယ်ချင်း ကောင်းလေး ခမျာ ထို ပြင်းထန် ကြမ်းတမ်း တဲ့ ညကို အားတင်းပြီး ကျော်ဖြတ်ခဲ့ ရကြောင်း သဘောပေါက် သွား တော့ လေတယ်။

ဘယ်သူမှ သူ့အနားကို အကပ် မခံ တဲ့ မစ္စတာ ကျင်းလိုလူ မျိုး က ဒီလောက်ထိ ကြမ်းတမ်း လိမ့်မယ် လို့ ဘယ်သူမှတောင် ထင်ရက် စရာ မရှိပါပေ...... ။

'' မြေခွေးလေး မင်း ပြန် လာပြီပဲ''

နန်ဟွေး က သမ်းဝေ လိုက် ပြီးတော့ ကော်ဖိီ စားပွဲ ပေါ်က နို့လက်ဖက်ရည် တွေကို တွေ့လိုက် ရတဲ့ အတွက် အံ့သြ သွားလေတယ်။

'' ဒီဟာ တွေက ဘာလေး တွေလဲ ဟင်? ''

'' နို့လက်ဖက်ရည် လေ။ မင်းကြိုက်လား မကြိုက်လား ဆိုတာကို သိရအောင် စမ်းသောက် ကြည့်ပေါ့ ''

ဝမ်ဟန် က နို့လက်ဖက်ရည် ဘူးထဲ ကို ပိုက်လေး စိုက်ထဲ ပြီးတော့ အလေးအနက် ဖြစ်တဲ့ အသံနဲ့ ပြောကာ ကမ်းပေး လိုက်တယ်။

'' အခုဆိုရင် မင်းရဲ့ ဗိုက်ထဲမှာ သားပေါက်​ လေး ရှိနေ လောက်ပြီ။ ဒါကြောင့် အရင် ကလို မျိုး မင်းစားချင် သလိုစား ၊ နေချင် သလို နေလို့ မရတော့ ဘူးနော်''

နန်ဟွေး က အပြစ်ရှိစွာနဲ့ ပဲ ခေါင်းကို ငြိမ့်ပြ လိုက်လေတယ်။

သူတို့လို အကောင်ငယ် လေး တွေက ကျင့်ကြံ ပြီးလို့ လူသား ပုံစံကို ပြောင်းလဲ တဲ့ အခါ ရုပ်ပိုင်းဆိုင်ရာ သန်မာ မှု က အရင်က ထက် ပိုပြီးတော့ သန်မာ လာ ပြီ ဖြစ်တယ် အရမ်းကို စိုးရိမ်နေ ဖို့ မလိုဘူး  ဆိုတာကို ပြောချင်ပေမယ့် လည်း မြေခွေးလေး က သူကောင်းဖို့ အတွက် ပြောနေတာ ကို သိလေတယ်။

ယုန်လေး က သားပေါက်လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး [BL] Dove le storie prendono vita. Scoprilo ora