အပိုင်း (14.1)

258 44 0
                                    

(14.1) iron evidence 1

ဒီနေ့ ဓာတ်ပုံ ရှုတင် ရဲ့ အချိန်ဇယား က မနက်ခင်း ပိုင်း နဲ့ နေ့လည်ခင်း ပိုင်း ဆိုပြီးတော့ ခွဲထားကာ အခုက နေ့လည်စာ နားချိန်ပဲ ဖြစ်လေတယ်။ နန်ဟွေးလည်း စတူရီယို ထဲကနေ ထွက်လာ ပြီးတဲ့နောက်မှာတော့ တံခါးဝ မှာ သူ့ကို စောင့်နေတဲ့ ရှုလီ ကို တွေ့လိုက် လေတယ်။

'' ဟယ်လို မစ္စ ရှုလီ ခများ က ဒီနေရာမှာ ဘာလုပ် နေတာ လဲ? ''

သွားလိုက် ပြန်လိုက် လုပ်ပြီးတဲ့နောက် မှာတော့ နန်ဟွေး က သူ့ကို အရင်ဆုံး ခေါ်ခဲ့တဲ့ ထို ကလေးမျက်နှာ ရှိတဲ့ အမျိုးသမီး ရှုလီ အပေါ် မှာ အတော်လေး အမြင်ကောင်း ရှိလေတယ်။

'' မင်း ကို ထမင်း တစ်နပ် အတူ စားဖို့ ခေါ်သွား ပေးမလို့လေ ''

ရှုလီ က သူ့ကို ဆန်းကြယ် သလို နဲ့ မျက်လုံး တစ်ဖက် မှိတ် ပြ လိုက်လေတယ်။

အဲ့တာကို ကြားလိုက် ရတဲ့ အခါ နန်ဟွေး ရဲ့ မျက်လုံး က တောက်ပ သွားပြီးတော့ ရှုလီ နောက်ကနေ လိုက်ပါ သွားတော့ လေတယ်။

ဓာတ်လှေကား ထဲ ဝင်ပြီး တဲ့နောက် ၇ လွှာ ကို နှိပ်လိုက် လေတယ်။ ဓာတ်လှေကား က ၇ လွှာကို ရောက်ပြီးတော့ တံခါး လည်း ဖွင့်ရော အစားအစာ မျိုးစုံ ရဲ့ မွှေး ရနံံ့တွေ က သင်းပျံ့ ပျံ့လွင့်  လာတာ ကို နန်ဟွေး တစ်ယောက် ခံစား မိလိုက် လေတယ်။

နန်ဟွေး ခမျာ သူ့ရှေ့ က ဇိမ်ခံ တန်ဖိုးကြီး ကန်တင်း ကို ကြောင်အအ လေး  ကြည့်ပြီးတော့ သူ့အကြည့်တွေကို မလွဲ နိုင်တော့ ပါပေ။

ယိဟွား အင်တာ တိန်းမန့် ရဲ့ ကန်တင်း က အရမ်းကို နာမည် ကျော်ကြား လေတယ်။ အပြင်မှာ စျေးကြီး တဲ့ ဟင်းပွဲတွေကို ဒီနေရာမှာ စျေးနှုန်း ချိုသာ စွာ ရနိုင်တဲ့ အပြင် အရသာ ကလည်း တကယ် ရှိလေတယ်။

ဒီက ဝန်ထမ်းတွေ ဆိုရင် ကန်တင်း ကို သူတို့ လာစား ကြတဲ့ အချိန်မှာ ဆို ငွေကြယ်ပွင့်တွေ နဲ့ မကြာခဏ တွေ့ဆုံ နိုင်သေးတယ်လေ။

ကလေး ရပြီး ကတည်း က သူ့ရဲ့ စားချင်စိတ် က အရင် က ထပ် ပိုပြီးတော့  အရမ်း ကို ကြီးမား လာတယ် လို့ နန်ဟွေး က ခံစား ရလေတယ်။

ယုန်လေး က သားပေါက်လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး [BL] Where stories live. Discover now