My stepbrother ep 1

27.5K 1.3K 74
                                    

My stepbrother ep 1

"Jeon jungkook!!"

   အပြင်သွားမို့ ဆင်းလာတုန်း အဖေရဲ့ ခေါ်သံကြောင့် အဖေရှိရာဆီ လျှောက်သွားပြီး ကားသော့ကိုလှည့်ကာ အဖေ့အား

"ဘာလဲ အဖေ .."

"မင်းကိုပြောထားစရာရှိတယ် ဒီနေ့ အိမ်ကို မင်းအမေနဲ့ အကိုရောက်မယ် .. အဲ့တာစောစောပြန်လာခဲ့ "

"အဖေ .. အဖေတောင် ကျွန်တော့်ကို မတိုင်ပင်ဘဲ လုပ်ချင်တာ လုပ်ထားသေးတယ် မဟုတ်ဘူးလား"

"မင်းကိုပြော‌ချင်လို့ပြောနေတာ မဟုတ်ဘူး ငါ့သားနဲ့ ငါ့မိန်းမကို မနှောက်ယှက်‌ဖို့ပြောတာ "

"ကျွနိတော်လူဆိုးကြီးပေါ့ ရီရတယ် .. အဖေတောင် လုပ်ချင်တာ လုပ်တာဘဲ ကျွန်တော်လဲလုပ်မှာပေါ့ အဖေတောင် ကျွန်တော့်ကို သားလို့ သတ်မှတ်လို့လား .. အာ.. မေ့သွားတယ် အဖေ့မလိုချင်ဘဲ ရတဲ့ကလေးလေ အဖေမချစ်အမျိုးသမီးက မွေးလာတဲ့ ကလေးလေ .. ဘယ် လိုလုပ် သားလို့သတ်မှတ်မှာလဲ မေ့သွားတာ"

"Jeonjungkook!!! မင်းအဖေကိုပြန်ပြောနေတာလား"

"အားနာပေမယ့် အဖေက ကျွန်တော့်အပေါ် အဖေတစ်ယောက်လို ဆက်ဆံဖူးလို့လား .. သားပြန်လာချင်တဲ့ ချိန်ပြန်လာမယ် .. အဖေနဲ့မဆိုင်ဘူး လို့သဘောထားလိုက်.."

        ပြောချင်တာပြောပြီး အိမ်ထဲက ထွက်လာလိုက်သည်.. အမေဆုံးတာ 6လဘဲ ရှိသေးတာ အိမ်ပေါ်ကို မိထွေးကို ခေါ်တင်လာတယ် .. ဒါတောင် သားဆိုတာကြီးအစစ်ပါ‌လိုက်သေးသည်.. အဖေကဘယ်တုန်းက မှ အမေ့ကို မချစ်ဘူး အဘိုးနဲ့ အဘွားက ပေးစားလို့ယူထားတာလေ အမေကတော့ အဖေကိုအရမ်းချစ်တာ . အဖေလုပ်လို့ဘဲ အမေရဲ့ နှလုံး‌ရောဂါအခံက ထဖောက်ပြီးဆုံးတာလေ .. ကျွန်တော့်ဘဝက တွေးကြည့်ရင် စိတ်ညစ်စရာတွေ .. ဒါတွေကိုတွေးမနေဘဲ သူငယ်ချင်းတွေ ရှိရာကိုသာ ထွက်လာလိုက်သည်..

          ထယ်တို့ ဒီနေ့ သူ့အဖေ အိမ်ကို လိုက်သွား‌ေတာ့မှာ ဆိုတော့ အမေက မှာထားတယ် သူ့ကို ဟိုက အဖေ့သားက ရန်စရင်တောင် ဘာမှမပြောဖို့တဲ့ ကျွန်တော်က အစထဲက အကောင်က သေးတယ် အမြဲလဲ အနိုင်ကျင့်ခံရတယ် အဲ့တော့ အမေက စိတ်ပူတယ်လေ . သူတွေးမိသည် ‌သူတော်ရမယ့် ညီလေးက ချစ်စရာလေး များဖြစ်နေမလားလို့ပေါ့ .. အဖေက လာမကြိုနိုင်လို့ ကားလွှတ်ပေးလိုက်သည်တဲ့လေ အဖေဆီက လာကြိုတဲ့ကားနဲ့ တက်လိုက်လာခဲ့လိုက်သည်.. အိမ်လဲရောက်ကော အဖေက ..

My stepbrother (Completed)Where stories live. Discover now