My stepbrother ep 13

9.1K 664 111
                                    

My stepbrother ep 13

       ဂျောင်ကုအော်လိုက်တော့ ဂျောင်ကုအဖေက ..

"မင်းက ဆေးရုံပေါ်မှာလဲနေတာလေ သူတို့က သားရေးသမီးရေးအကြောင်းပြောလာတော့ ထယ်လေးရှိတယ်လြိ့ပြောတော့ သူ့သမီးနဲ့ တရက်တွေကြည့်ခိုင်းတာပါ"

"ဒိလိုလုပ်လို့မှမရတာ "

"ငါ့အဖေကွ"

"အဖေဆိုပြီး လျှောက်လုပ်ချင်တာလုပ်လို့မရတာ အဖေမေးသင့်တယ်လေ ... ဒီလိုကြီးလုပ်တာမကောင်းပါဘုး ပြီးတော့ထယ်က ကျွန်တော့်ကောင်လေး"

         ဂျောင်ကုအဖေက သူ့သားအဲ့လို ပြောတော့တစ်ချက် ပြုံးကာ..

"မင်းနဲ့သူနဲ့ညီအကို"

"မဟုတ်ဘူး ကျွန်တော်က သူ့ကောင်လေး .. ကျွန်တော်က ဆေးရုံက‌ဆင်းတာနဲ့ သူ့ကို လက်ထပ်မှာ"

"ဂျောင်ကု ~"

        ထယ်က ဂျောင်ကု လက်မောင်းကို ဆွဲဆိတ်ပြီး ပြောတော့။ .

"ဟုတ်တယ်လေ ထယ်က ကိုယ့်ကောင်လေး ကိုယ်လက်ထပ်ယူမယ့်ကောင်လေး "

"ငါ့သား မင်းတောင် အချစ်ကို ခံစားတတ်နေပြီဘဲ .. အဖေကစတာပါကွာ ထယ်က အကုန်ဖွင့်ပြောပြီးထားပြီ .. ငါ့သားကို တကယ်ချစ်ရဲ့လားလို့ စမ်းသတ်ကြည့်ရုံပါ"

"အဖေ ဒါက စမ်းသတ်စရာမဟုတ်ဘူးလေ "

" မင်းလိုကောင်ကို ဘယ်သူ‌ကယုံမှာလဲ ရည်းစားတွေ မှိုလှိုပေါက်အောင်ထားနေပြီးတော့"

"အဖေကလဲ ကိုယ့်သားလေးကို ဒီလိုပြောရက်တယ်နော်"

"ပြောမှာဘဲ မင်းကကော အရင်က မဟုတ်ခဲ့လိုလား"

"အဲ့တာအရင်က အဖေ အခု‌ကျွန်တော်ဘေးမှာ အချစ်စစ်က ရောက်နေပြီဘဲ နော် .."

        ဘေးမှာ ရပ်နေတဲ့ ထယ့်ကိုဖတ်ကာပြောတော့ ..

"မင်းက ငါ့ကိုတကယ်ချစ်လို့လား "

"စကြာ်ဝဠာ ကြီးလောက်ချစ်တာ "

"အပိုတွေ "

        ဂျောင်ကုက ဒိလိုပြောလာတော့ . ဂျောင်ကုအဖေက
"မင်းငါ့လောက်စကားမတတ်သေးပါဘူး" တဲ့လေ...  ထိုနေ့က အခန်းလေးအတွင်းရီသံလေးတွေ ပြန့်လျက် ...
မုန်တိုင်းတွေက ဒီမှာရပ်တန့်သွားပြီ .. နောက်ပိုင်း ချစ်ခြင်းတွေ ခင်းထားတဲ့ လမ်းလေးဘဲ ရှိနေတော့မှာ ..

My stepbrother (Completed)Where stories live. Discover now