My stepbrother ep 6

11.3K 916 142
                                    

My stepbrother ep 6

      ထယ်ကို ကားပေါ်တင်ပေးလိုက်ကာ ... သူလဲကားပေါ်တက်ထိုင်လိုက်ပြီး.. အပေါ်ကုတ်အား ချွတ်ကာ ..

"ရော့ ဝတ်ထားလိုက် ခများချမ်းနေတယ်မလား "

"မင်းကော"

"ကျုပ်အတွက် ထည့်တွက်မနေနဲ့ .."

"ကျေးဇူးပါ ဂျောင်ကု .."

"ခများ စောစောမပြန်ဘဲ ဘာလုပ်နေတာလဲ .."

"ငါပြန်မို့ပါဘဲ .. မိုးက ကောက်ရွာလာတာနဲ့ ငါလဲ ဂိုထောင် ဟောင်းထဲ ခနဝင်နေတာပါ တဖြေးဖြေး မိုးသည်းလာပြီး မိုး ခြိန်းသံတွေလဲ ကြာလာတော့ ငါကြောက်ပြီး ဒီတိုင်း‌ထိုင်နေလိုက်တာ .. တစ်ဖြေးဖြေး ညရောက်လာတော့ .. ဂိုထောငိက မှောင်လာ‌တယ်လေ .. ငါက အမှောင်လဲ ကြောက်တယ်.."

"ဘာကြောက်စရာရှိလို့လဲ "

"မင်းမသိပါဘူး ငါ အထက်တန်းတုန်းက ကျောင်းမှာ စာသင်ခန်းဟောင်းတစ်ခုမှ တစ်ညလုံးပိတ်ခံထားရတာ .. ငါ့ကို အမြဲ အနိုင်ကျင့်ကျတယ် .. ငါတော်တော် ကြောက်ခဲ့တာ .. အဲ့က‌စပြီး အမှောင်အခန်းတွေမှာ တစ်ယောက်ထဲမနေရဲတော့ဘူး"

        ‌ထယ်ကဒိလိုပြောလာတော့ ဂျောင်ကုလဲ .. ထယ့်သနားမိပါသည်.။

"ကဲထားပါ .. ပြန်မယ် .."

         ထိုနေရာကနေ မောင်းထွက်လာလိုက်သည်.. တစ်ဖက်မှာတော့ ဖုန်းခေါ်နေတာ မကိုင်လို့ ဒေါသထွက်နေတဲ့ ကောင်မလေးရယ်ပင်..

"Jeonjungkook !! နင်အရင်က ကောင်မတွေလို ငါ့ကို အောင်မေ့နေတာလား .. "

      

           ဂျောင်ကုတို့ အိမ်ပြန်ရောက်တော့ မိုးချုပ်နေပြီ .. ဂျောင်ကုလဲ သူ့အခန်းသူသာ တက်သွားလေသည် .. ထယ်ကတော့ .. ဆေးသောက်ပြီး ခန္ဓာကိုယ်ကို ခြောက်အောင်သုတ်ပြီးမှ အိပ်လိုက်သည် ..

           မနက်မိုးလင်းထယ် နိုး‌လာတော့ ဂျောင်ကု အပြင်သွားသည် ဆိုလို့ ဂျောင်ကု အကျီကို ပြန်လာမှ ပေးမယ်ဆိုပြီး .. မုန့်ထိုင်စားနေတုန်း ဝင်လာတဲ့ ကောင်မလေးတစိယောက် ..

"ဘယ်သူ‌နဲ့ တွေ့ချင်လို့လဲ ခမျ.."

"ဂျောင်ကုဘယ်မှာလဲ သူကိုငါ‌မနေ့ညထဲက ဖုန်းဆက်နေတာ အခုထိ မကိုင်ဘူး ."

My stepbrother (Completed)Where stories live. Discover now