My stepbrother ep 2

13.4K 1.1K 184
                                    

My stepbrother ep 2

      ထယ်ညစာစားတော့လဲ သူ့ရှေ့မှာထိုင်းပြီး သူ့အား စိုက်ကြည့်နေတဲ့ဂျောင်ကုကြောင့် ထမင်းသာအသဲသန် ကုန်းစားနေလိုက်သည်..

        ဂျောင်ကု ထို‌လူကိုစချင်တာနဲ့ အိမ်နေရင်းစီး ဖိနပ်ကိုချွတ်ကာ .. ထိုလူခြေထောက်အား လှမ်းပွတ်လိုက်တော့ .

"အဟွန့် .."

"သားအဆင်ပြေရဲ့လားဘာဖြစ်တာလဲ "

"သားဘာမှမဖြစ်ပါဘူး မေမေတော့ ဆက်စား‌လိုက် .. သား ဂျီမင်ကို ဖုန်းဆက်လိုက်အုံးမယ်"

"ဝလို့လားသားရဲ့ "

"ဝ.. ဝပါတယ် .."

"အေးဒါဆိုလဲသွားလေ .."

        ထယ်ထထွက်သွားမှဂျောင်ကုလဲ .. ထထွက်လာလိုက်သည် ဘာမှပြောမနေတော့ဘဲ ..

        ထယ်ကတော့ ခြံထဲကခုံပေါ်မှာထိုင်လိုက်ပြီး .. ဂျီမင်ကို ဖုန်းဆက်လိုက်သည်..

"ဟယ်လို ဂျီမင် .. ငါကို မနက်ဖြန်လာခေါ်မှာမလား"

"မင်းအိမ်ပြောင်းသွားပြီမလား"

"ငါအိမ်လိပ်စာပို့လိုက်မယ်.."

"အွန်း ငါလာခေါ်မယ် .. မင်းဘယ်သွားမှာလဲ .."

"ကစားကွင်း"

"မင်းကလေးလား အသက်ကဖြင့် 26ပြည့်တော့မယ် "

"ကလေးဘဲကိုကွာ မင်းလဲဆော့တာဘဲကိုအရင်က "

"အေးပါ မနက်ဖြန်လာခေါ်မယ် အိုကေ ".

"အွန်းဒါဘဲ "

      ဖုန်းထပြီး ထမို့အလုပ်.. ဘေးက ရောက်နေတဲ့ ဂျောင်ကုကြောင့် ဖင်ထိုင်ခုံပေါ ပြန်ထိုင်ချလိုက်မိသည်..

"ဘယ်. ဘယ်တုန်းက ရောက်နေတာလဲ .."

"ကြာပေါ့ "

"ထိုင်မလို့လား ငါဖယ်ပေးမယ်လေ.."

         ထပြီး ထွက်ဖို့လုပ်တော့ လက်ကို လှမ်းဆွဲလာတဲ့ လက်တစ်စုံ ..

"ဂျောင်ကု ဘာပြောမလို့လဲ .. ထယ် အိပ်‌ချင်နေပြီ လွတ်ပါ.."

"ခများက ရွံ့စရာကောင်းတယ် .. "

"ငါဘာလုပ်မိလို့လဲ ငါ့လက်နာနေပြီလွတ်ပါတော့ "

        လက်နာနေပြီ ဆိုမှ ပိုတင်းကြပ်စွာ ကိုင်လာတာကြောင့် .. မျက်ရည်တွေတောင် စို့တက်လာသည် ..

My stepbrother (Completed)Where stories live. Discover now