My stepbrother ep 12

9.3K 695 94
                                    

My stepbrother ep 12

       ခေါ်သံကြောင့် ထယ်ဂျောင်ကုနားအမြန်ပြေးသွကာ..

"ဂျောင်ကု သတိရလာပြီလား .. ဘယ်နားနာနေလဲ ခေါင်းရော ကိုက်လား .. ခြေထောက်ကော နာနေသေးလား .. လက်ကော .. "

"ထယ် .. ကိုယ်ဘယ်နားမှမနာပါဘူး ရေဆာတာပါ"

"ခနလေးနော် ထယ်ထည့်ပေးမယ် .."

         ထယ်ဘေးက ရေဘူးထဲက ရေကိုခွက်ထဲထည့်ကာ ပိုက်လေးတက်ပေးပြီး ဂျောင်ကုကို ရေတိုက်ပေးနေသည်.. ထယ့်အမေက ကြည့်ကာ..

"ထယ်သား အမေ့ကို မလိုတော့ဘူးထင်တယ် .. အမေထွက်သွားပေးမယ် အေးဆေး ပြောကြပါ"

          ထယ်အမေလဲ ပြောလိုက်ရော . ပါးလေးတွေ ရဲတက်ကာ ..

"မေမေကလဲ ဘာတွေပြောနေတာလဲ "

"အမေက အမှန်ပြောတာလေ .. ချက်ချင်းကြီး အမေ့နားက ထွက်သွားပြီး ဂျောင်ကုလေးကို ဂရုစိုက်နေတာ အမေက အနှောင့်အယှက်ကြီးဖြစ်နေမှာဆိုးလို့ပါ"

"ဟာ.. မေမေကလဲ "

"မေမေသားဖေဖေနဲ့ နေ့လည်ကျမှ လာခဲ့တော့မယ် .. ဂျောင်ကုကို ဆန်ပြုတ်လေးတိုက်လိုက်အုံး"

"ဟုတ်ကဲ့ပါ.."

        ပြောကာထွက်သွားတဲ့ ထယ့်အမေ .. ထယ်ကတော့ အရှက်သည်းနေတုနး်ပင်..

"ထယ် ဘယ်နားထိခိုက်သွားသေးလဲ"

"ငါဘယ်နားမှ မထိခိုက်ပါဘူး .."

"သေချာရဲ့လား".

"သေချာတာပေါ့ မင်းဘာလို့ငါ့အတွက်နဲ့ ဒီလိုလုပ်တာလဲ .."

"ထယ်ကိုယ်က မင်းကိုအရမ်းချစ်လို့လေ .."

"မင်းသိလား ငါ့မှာအရူးတစ်ယောက်လိုဘဲ မင်းဒိလိုဖြစ်သွားတော့ .. ပြီးတော့မင်းက ငါ့ကိုထားပြီး ဘာလို့အကြာကြီး အိပ်နေတာလဲ ငါ့မှာ နေ့တိုင်းငိုနေရတာ "

     မျက်ရည်တွေကျရင်း ပြောနေတဲ့ သူ့ရှေ့က အကိုက တကယ့်‌ကလေးလေးအတိုင်းဘဲ .. သူ့ကို တော်တော်စိတ်ပူခဲ့ပုံဘဲ ..

"မငိုနဲ့တော့လေ .. ကျွန်တော်အခုဘာမှမဖြစ်တော့ဘူးလေ "

"ဒါပေမယ့် .. ဖြစ်သွားရင် ဟင့် .. "

My stepbrother (Completed)Dove le storie prendono vita. Scoprilo ora