My stepbrother ep 7

11.4K 882 207
                                    

My stepbrother ep 7

      ထယ်ဒီနေ့ ခွေးသွားဝယ်မို့ပင် ဒါပေမယ့် ဖြစ်ချင်တော့ ကားက ပျက်နေလေရဲ့ Bogum hyung ကိုအကူညီတောင်းဖို့ကလဲ အားနာစရာဖြစ်နေတာနဲ့ တစ်ယောက်ထဲ စိတ်ရှုပ်ရှုပ်ထိုင်စဉ်းစားနေတုန်း .. လှေကားက ‌ဆင်းလာတဲ့ဂျောင်ကု..

"ဟို.. ဂျောင်ကု .. မင်းအပြင်သွားမလို့လား.."

"ခများဘာလုပ်မို့လဲ .. "

" ခွေးသွားဝယ်ချင်လို့ .. ငါ့ကားက ပျက်နေလို့ပါ .. အဲ့တာ မင်း လိုက်ပို့လို့ရမလားဟင် .. မင်းအကယ်ရ်ျ အဆင်‌မပြေရင် .. ငါ Bogum . ."

"ရတယ် . "

         ထယ်စကားမဆုံးသေး ချက်ချင်းလက်ခံလိုက်တဲ့ ဂျောင်ကု .. အမှန်ဂျောင်ကု ဒီနေ့ Jane နဲ့ ချိန်းထားခြင်းပေ .. သွားချင်လွန်းလို့ မဟုတ်ပါ . ပြတ်ကြောင်းပြောမို့ပင်.. အခုတော့ ဟိုလူက သူမအားရင် တစ်ခြားတစ်ယောက်နဲ့ သွားမယ်ဆိုလို့ လိုက်ပို့ခြင်းပေ..  ထိုလူကို ဘယ်သူနဲ့မှ စိတ်မချပါ ..

"တက်ကားပေါ် .. သွားမယ် ."

"ဟီးး ကျေးဇူးပါ ကုကီ .."

        ကုကီလို့ခေါ်ပြီးမှ သူ့ပါးစပ်လေးသူပြန်အုပ်ကာ..

"ဂျောင်ကု ဆောရီး ."

         သူ့ဘာကြောင့်မှန်းမသိ ... ထိုလူ ကုကီခေါ်တာကို တော်တော်သဘောကျနေမိသည်..

           သူတို့ ခွေး‌အရောင်းဆိုင်တစ်ခုကို ရောက်တော့ .. ခွေးတွေကို လိုက်ပတ်ကြည့်နေမိသည်.. နောက်တော့ အရှေ့က ထိုလူက..

"ဂျောင်ကု .. ဒီခွေးချစ်စရာလေးနော် .. သားသားက ပါးပါးရဲ့ သားသားလုပ်မလားဟင် .."

          လှောင်အိမ်ထဲက ခွေးလေးကို စကားတွေပြောကာ ပြုံးပြနေတဲ့ ထိုလူကိုကြည့်ပြီး အမှတ်မထင်သူပါ ပြုံးမိသည် .. ဂင်မ်ထယ်ယောင်း ခများကကျွန်တော့်ကို ပြန်ပြုံးအောင်လုပ်နိုင်တာဘဲ ..

          ဂျောင်ကု ပြုံးရယ်ခြင်းမရှိတော့သည်က . သူ့အမေ မရှ်ိထဲကပင် .. အခုထိ တစ်ခါမှ ဟန်ဆောင်တောင် မပြုံးဖူးတဲ့ ဂျောင်ကုက .. အခု ထယ်ဆိုတဲ့ ကောင်လေးကြောင့် အပြုံးတွေပြန်အသက်ဝင်လာပြီ ..

My stepbrother (Completed)Where stories live. Discover now