My stepbrother end ~

12.6K 714 89
                                    

My stepbrother end ~

        ထယ်မနက်ဖြန် ဂျောင်ကုမွေးနေ့ရှိသည်မို့ ဂျောင်ကုကို surprise တိုက်ဖို့လုပ်နေခြင်းပေ .. ဂျောင်ကုက အဖေ့ ကုမ္မဏီမှာအလုပ်ဝင်လုပ်နေပြီ ဖြစ်သည်.. အခု သူ ဂျောင်ကု မွေးနေ့အတွက် surprise တိုက်ဖို့ ဂျီမင်နဲ့အပြင်သွားနေခြင်းပေ..

"ထယ် မင်းသူ့ကို ဘယ်လိုပုံစံမျိုးလုပ်ပေးမှာလဲ .."

"ငါရယ်သူရယ် နှစ်ယောက် လက်ထပ်ပြီးရင် နေဖို့ ဝယ်ထားတဲ့ အိမ်မှာ လုပ်ပေးချင်တာ .."

"ဒီလိုလုပ် ..  "

         သူ့ အရှေ့က ‌ကြက်ပေါက် ရှင်းပြတာကို နားထောင်နေပြီး ကြက်ပေါက်စကားဆုံးမှ.

"မင်းအစီစဉ်မဆိုးဘူး .."

"အခုငါတို့လို‌တာတွေ သွားဝယ်ကြမယ် ..."

"ငါ ကိတ်မုန့်ကိုတော့ ကိုယ့်ဘာသာလုပ်မယ်စဉ်းစားထားတယ်
."

"မင်းသဘောဘဲ ‌အခု သွားမယ် .."

         ဒီနေ့ တနေ့လုံး ဂျီမင်နဲ့ ဟိုဆိုင်ဝင် ဒီဆိုင်ထွက်လုပ်နေတာနဲ့ သူ့အချစ်တော်ကြီးကို ဖုန်းလှမ်းမဆက်ဖြစ် .. စိတ်ကောက်နေပြီနဲ့တူတယ် .. ပုံစံက‌သာလူကြီးပုံစံပေမယ့် စိတ်က တကယ့်ကလေးစိတ် ..

"ထယ် ဒါဆိုရပြီထင်တယ်"

"ရမှာဘဲ ငါခြေ‌တိုတော့မယ်"

"မင်းအတွက် ငါကလိုက်လုပ်ပေးနေရတာလေ .. ငါပြောဖို့ ထားပါ.."

"ချစ်တယ်လေ သူငယ်ချင်းလေးကလဲ လာမုန့်ဝယ်ကျွေးမယ်"

"ဟွန့် မုန့်ကြောင့်နော် "

"သိပါတယ်လာပါ"

         နှစ်ယောက်သား မုန့်ဝင်စားပြီး သူ့တို့ surprise လုပ်မယ့် အိမ်မှာ ပစ္စည်းတွေကို သေချာကြိုတင်ပြင်ဆင်စရာ ရှိတာပြင်ဆင်ပြီး ပြန်လာလိုက်သည် . အိမ်ပြန်ရောက်တော့ အိမ်ရှေ့က ခုံမှာ ထိုင်နေတဲ့ သူ့ချစ်ရပါသော မောင် ..

"မောင် ~"

"ဘာလဲ"

         ထူးတဲ့ အသံကိုကြည့် သေချာတယ် စိတ်ကောက်နေပြီ..

"မောင်ကလဲ ဗျာလို့ထုးနေလေ"

"ဒီမှာ jeon Taehyung တနေကုန် ကျွန်တော်မျိုးဆီလဲမလာ ဖုန်းလဲမဆက် အိမ်ပြန်ရောက်တော့လဲ အိမ်မှာ မရှိဘဲ ဘယ်တွေသွားနေတာလဲ "

You've reached the end of published parts.

⏰ Last updated: Nov 14, 2021 ⏰

Add this story to your Library to get notified about new parts!

My stepbrother (Completed)Where stories live. Discover now