'ဝါး ဦးမင်းခမ်းနားကိုဆူချလိုက်ပုံကမိမိုက်...'
ဘေးမှအမြီးလုံးလုံးလေး တစ်ဆတ်ဆတ်ခါရင်းပြောနေသော ဟမ်းဟမ်းအား
'ဒီလိုပဲပေါ့၊ ငါfinal bossကိုဒီလောက်သည်းပြထားမှ ငါ့အတွက်အဆင်ပြေမှာ၊ မဟုတ်ရင် ရုတ်တရက်ကြီး final bossအပေါ် ကောင်းပြနေရင် OOCဖြစ်ကုန်မယ်၊ ပြီးတော့ ဒီရွှေပေါင်လုံးကြီးကို အသေရရ အရှင်ရရ ဖက်ထားရမယ်၊ ကလေးကပေါ့ရွှတ်နေတာပဲ နောက်ကြမှ အစားများများကျွေးပြီး ဂေါ်ဖီထုပ်လေးလို့ ဥထားရမယ်၊'
ထို့နောက် သူ့ခါးမှကလေးငယ်ကို သူ၏မွေ့ယာပေါ်သို့တင်လိုက်သည်။သူ၏မွေ့ရာသည် ကြက်သွေးရောင်ဖြစ်ကာ နူးညံ့အိစက်နေပြီး တိမ်တွေပေါ်တွင်လဲလျောင်းနေရသလိုခံစားချက်ကိုဖြစ်စေလေသည်။ထို့နောက်သူသည် နောက်မှပါလာသောအစေခံများကို
"ဒီကလေးလေးမနိုးမချင်း ကျွန်တော်ဒီအခန်းထဲမှာပဲနေဦးမယ် မင်းတို့သွားလို့ရပြီ...ပြီးတော့ ကျွန်တော့်ခွင့်ပြုချက်မရပဲ ဒီအခန်းထဲဝင်မလာနဲ့..."
သူ၏တစ်ချက်လွှတ်အမိန့်ကြောင့် အိမ်စေကောင်မလေးများမှာ အခန်းအပြင်သို့သုတ်သုတ် ထွက်သွားလေသည်။သူတို့မရှိကာမှ မင်းသွန်းညှာလဲ ကုတင်ပေါ်တွင်ထိုင်နေသောဖြူဖျော့ဖျော့ကောင်လေးကိုထိုင်ငေးနေမိသည်။ထိုကောင်လေးထံမှလဲ ဆိုဒါအအေးနံ့သင်းသင်းလေးရနေသလိုလိုပင်။ကြည့်ရတာ ထိုကောင်လေး၏pheromoneအနံ့ပင်ဖြစ်လိမ့်မည်ထင်သည်။
Final boss၏ငယ်ဘ၀မှာလဲသနားစရာပင်။သခင်ကြီးသည် ဒုတိယဇနီးကို တခမ်းတနားလက်ထပ်ယူကာ ကလေးမွေးဖွားခဲ့သော်လဲ ဒုတိယဇနီး သည် မီးတွင်းထဲတွင်သေဆုံးသွားသလို ကျန်ရစ်ခဲ့သူကလေးကိုလဲ ထိုဆေးရုံမှသားရူးရူးနေသော စိတ်ရောဂါသည်တစ်ယောက်မှခိုးယူထွက်ပြေးသွားလေသည်။ထိုစိတ်ရောဂါသည်မိန်းမကြီးသည် ကလေးကိုသေချာစောင့်ရှောက်ပေးသော်လဲ စိတ်မထင်ရင်မထင်သလိုရိုက်နှက်တတ်သေးသည်။
ကလေး၆နှစ်သားအရွယ်တွင် ထိုမိန်းမကြီးသည် ဘယ်အရက်သမားကသတ်လို့သတ်သွားမှန်းမသိပဲ လမ်းဘေးတွင်သေဆုံးနေခဲ့သည်။ထို့ကြောင့် ကလေးကို အနားရှိမိဘမဲ့ဂေဟာမှ မွေးစားခဲ့လေသည်။ထိုမိဘမဲ့ဂေဟာသည် နွေးထွေးသော်လဲ ကလေးလေးသည် အကြီးများထံမှ မကြာခဏဆိုသလိုအနိုင်ကျင့်ခံ လေသည်။
CITEȘTI
ငါကဗီလိန်! [Uni + Zaw]
Dragosteစာအုပ်ထဲက အမြှောက်စာဇာတ်ကောင်ထဲကူးပြောင်းသွားရရင်တော်ရောပေါ့၊ ဘာလို့ ငါက ကလေးပါထိန်းနေရတာလဲ၊ Whyyy????! Updates at every monday. Cover Art - Adi HoseKi