Ch 6

816 122 7
                                    

   "အဟမ်း၊ သွန်းညှာစကားပြောရအောင်လေ၊ နင့်ညီလေးကို သွားဆော့ခိုင်းလိုက်ပါဦး.."

   'သူက ဘာမို့လို့ ငါ့ကိုနှင်ထုတ်နေရတာလဲ...'

မင်းသွန်းညှာသည် နေနိုင်းမာန်လေးကို မပထုတ်ချင်သော်လဲ သူ့ရှေ့မှ ဗီလိန်မက မည်သို့သော အကောက်ကြံစကားတွေပြောဦးမလဲမသိပေ။ထို့ကြောင့် နေနိုင်းမာန်လေးကို စိတ်မရှုပ်သွားစေရန် ပထုတ်လိုက်ရန်မှတစ်ပါး အခြားမရှိချေ။

   "နိုင်းလေး၊ အပေါ်ထပ်မှာလေ ကိုကို့အတွက် လွယ်အိတ်လေးသွားယူပေးပါလားဟင်။..."

သူ့စကားဆုံးသော် နေနိုင်းမာန်လေးသည် မျက်မှောင်ကြုံ့လိုက်ကာ ဘာမျှမပြောတော့ပဲ အပေါ်ထပ်ကိုတက်သွားလေသည်။နေနိုင်းမာန်လေး လှေကားတစ်ထစ်နင်းလိုက်တိုင်းမှာပင် သူလေး၏စိတ်အခြေအနေကပိုပိုဆိုးလာလေသည်။

  *PFB 60%*

  *PFB 50%*

  'ကျစ်၊ နိုင်းလေးစိတ်ကောက်သွားပြီထင်တယ်၊ ဒီတစ်ယောက်နဲ့စကားစ မြန်မြန်ဖြတ်မှပဲ၊'

မင်းသွန်းညှာသည် ကလေးကိစ္စကြောင့် ဗီလိန်မအပေါ် ပိုလို့ပင်အမြင်မကြည်တော့ချေ။သို့သော် သူ့ခမြာ ဟန်ဆောင်ပြုံးလေးကိုနှုတ်ခမ်းထက်တင်ကာ စကားစလိုက်လေသည်။

  "ပြောစရာရှိတယ်ဆို..၊ ပြောလေ ဘာပြောမလို့လဲ၊"

  "ဟိုဟာ..နင် ကိုကြီး​လကျာ်ကိုကြိုက်နေတဲ့ကိစ္စလေ..အဲ့တာ"

နွေလှိုင်းသည်စကားပြောရင်းဖြင့်တစ်ဝက်တစ်ပျက်ရပ်လိုက်ကာ မင်းသွန်းညှာ၏မျက်နှာရိပ်မျက်နှာကဲကိုကြည့်လိုက်မိသေးသည်။သို့သော် မင်းသွန်းညှာ၏မျက်နှာထက်တွင် ရှက်သွေးဖြာနေခြင်း၊စိုးရိမ်နေခြင်းအလျှင်းမရှိပဲ တည်ငြိမ်လျှက်ပင်ရှိနေလေသည်။

မင်းသွန်းညှာသည် စကားစရပ်လိုက်သော နွေလှိုင်းကို မျက်ခုံးပင့်ပြကာ ဆက်ပြောရန်အချက်ပြလိုက်လျှင်

   "အဲ့တာ၊ ငါကူညီပေးရမလား..၊"

   "အေး..၊ ကူညီပေးပါဟာ၊"

သူ့စကားအဆုံးတွင် ဝမ်းသာသွားသောနွေလှိုင်း၏မျက်နှာကို သူမြင်လိုက်သည်။သို့သော် သူသည် ကျန်နေသေးသောစကားကိုဆက်ပြောလိုက်ချိန်တွင်တော့ နွေလှိုင်းတစ်ယောက်ဝမ်းမသာနိုင်တော့ပေ။

ငါကဗီလိန်! [Uni + Zaw]Where stories live. Discover now